Healthy Life Ad
Life Style

အစာဟောင်းအိမ်ကင်ဆာကို လိပ်ခေါင်းနဲ့ ဆေးမှားကုခံခဲ့ရတဲ့ ဆရာတော်ဦးဇဝိက

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရှိ ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေထိုင်နေသော ဆရာတော် ဦးဇဝိတသည် သက်တော် ၆၉ နှစ်အရွယ်တွင် စအို၌ အလုံးအဖု စတင်ဖြစ်ပေါ်လာခဲ့သည်။

“၂၀၁၀ နှစ်ဦးပိုင်းမှာ စစချင်း စအိုမှာ လိပ်ခေါင်းလိုလို၊ ဂရင်ဂျီနာလိုလို အလုံးအဖု စဖြစ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ လိပ်ခေါင်းဖြစ်တယ်ပဲ ထင်ခဲ့တယ်။ ဒါပေမဲ့ရှက်တော့ ဘယ်သူ့ကိုမှမပြဘဲ နေခဲ့ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။ စာဖတ်ခြင်းကို ဝါသနာပါသည့် ဆရာတော် ဦးဇဝိကသည် စာစောင်အချို့တွင်ပါသည့် တရုတ်ဆေးခန်းတစ်ခု၏ “လိပ်ခေါင်းအမြစ်ပြတ် ကုပေးသည်”ဆိုသော ကြော်ငြာကို သွားတွေ့ရာမှ အဆိုပါဆေးခန်းလိပ်စာသို့ သွားရောက်ကုသရန် ရန်ကုန်မြို့သို့ခရီးနှင်လာခဲ့သည်။

လိပ်ခေါင်းလို့ပြောပြီး ဖြစ်တဲ့နေရာကို ဆေးထိုးပေးခဲ့တယ်။ ဆေးတစ်လုံးက တစ်သိန်းခွဲလောက်တောင် ပေးရတယ်။ ရက်ပိုင်းလောက် ကုလိုက်တာ ငွေလေးသိန်းလောက် ကုန်သွားပါတယ်။ ဒါပေမဲ့ ပျောက်မသွားဘဲ အနာလုံးကြီး ထပ်ပေါ်လာခဲ့ပါတယ်။ ဦးဇင်းတို့လည်း လူလည်းဒဏ်ခံရ၊ ငွေလည်းကုန်နဲ့ စကားတောင်များခဲ့ကြ ပါသေးတယ်။ တစ်ပတ်အတွင်း အပြီးပျောက်စေရမယ်ဆိုပြီး လုပ်ပေးခဲ့ပေမယ့် တကယ်ပျောက်လည်း မပျောက်တဲ့အပြင် ပိုဆိုးလာခဲ့တယ်။ တာဝန်မယူနိုင်ဘဲနဲ့ ကုပေးလို့ ဦးဇင်းဒကာတွေနဲ့ စကားများခဲ့ပါသေးတယ် . . .

“နောက်ပိုင်း စာစောင်တွေဖတ်ရင်း တရုတ်ဆေးခန်းကြော်ငြာတစ်ခုကို သွားတွေ့ခဲ့တယ်။ အဲဒီကြော်ငြာက ဆေးထိုးလိုက်ရုံနဲ့ ချက်ချင်းပျောက်မယ်လို့တွေ့တာနဲ့ ရန်ကုန်ကိုတက်လာပြီး တရုတ်ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ လိပ်ခေါင်းလို့ပြောပြီး ဖြစ်တဲ့နေရာကို ဆေးထိုးပေးခဲ့တယ်။ ဆေးတစ်လုံးက တစ်သိန်းခွဲလောက်တောင် ပေးရတယ်။ ရက်ပိုင်းလောက်ကုလိုက်တာ ငွေလေးသိန်းလောက် ကုန်သွားပါတယ်။

ဒါပေမဲ့ ပျောက်မသွားဘဲ အနာလုံးကြီး ထပ်ပေါ်လာခဲ့ပါတယ်။ ဦးဇင်းတို့လည်း လူလည်းဒဏ်ခံရ၊ ငွေလည်းကုန်နဲ့ စကားတောင် များခဲ့ကြပါသေးတယ်။ တစ်ပတ်အတွင်း အပြီးပျောက် စေရမယ်ဆိုပြီး လုပ်ပေးခဲ့ပေမယ့် တကယ်ပျောက်လည်းမပျောက်တဲ့အပြင် ပိုဆိုးလာခဲ့တယ်။ တာဝန်မယူနိုင်ဘဲနဲ့ ကုပေးလို့ ဦးဇင်းဒကာတွေနဲ့ စကားများခဲ့ပါသေးတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

စအိုအနာက ပိုဆိုးလာသဖြင့် ရန်ကုန်မြို့တွင်း ဆေးခန်းတစ်ခုကိုသွားပြခဲ့ရာ ဆရာမကြီးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားပြရန် ညွှန်လိုက်ကြောင်းသိရသည်။ “ဆေးရုံကြီးမှာပြတော့ ဘုန်းကြီးကလည်း အဲဒီအချိန်မှာ ၆၉ နှစ်ရှိနေပြီ။ အသက်က ကြီးနေပြီဆိုတော့ ဟိုသွားပြဦး၊ ဒီသွားပြဦးနဲ့ အဆင်မပြေပါဘူး။ အဲဒါနဲ့ သျှင်ပါကူဆေးခန်းမှာ ခွဲစိတ်ကုဆရာဝန်ကြီး ပါမောက္ခဦးဦးကျော်နဲ့ ပြသဖြစ်ခဲ့ပါတယ်။

ဆရာကြီးကို တရုတ်ဆေးခန်းမှာ ကုပေးလိုက်တဲ့ အကြောင်းတွေပြောပြပြီး စာရွက်တွေပြလိုက်တော့ အဲဒီဆေးခန်းက ဖြစ်တဲ့အနာနဲ့ ထိုးတဲ့ဆေးတွေနဲ့က တခြားစီလို့ပြောပါတယ်။ အဲဒီတော့ အနာက ပိုဆိုးသွားတယ်လို့ ဘုန်းကြီးထင်တာပါပဲ”ဟု ဆရာတော် ဦးဇဝိကက သူ့အတွေ့အကြုံကိုမိန့်သည်။ “၂၀၁၀ ပြည့်နှစ် ၅လပိုင်း ၇ ရက်နေ့မှာ ဆရာကြီးနဲ့ စတင်ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ခွဲပြီး အသားစ ယူစစ်ဆေးလိုက်တော့ အစာဟောင်းအိမ်ကင်ဆာလို့ သိခဲ့ရပါတယ်။ ရန်ကုန်က ဒကာတွေက ဦးဆောင်ပြီး လိုက်ပြပေးခဲ့ပါတယ်။

ခွဲစိတ်ကုပြီးချိန်မှာ သဘာဝဆေးဝါးလေးတွေ ပဲစားခိုင်းပါတယ်။ တခြားတော့ ဘာဆေးမှ မစားခိုင်းပါဘူး။ ၁၅-၃-၂၀၁၃ ရက်နေ့မှာ ခွဲထားတဲ့ စအိုနားက အနာလုံးက ပြန်ပေါ်လာတဲ့အတွက် ရန်ကုန်ကိုပြန်ပြပြီး ခွဲရသေးတယ်။ အဲဒီခွဲပြီး ပြန်စစ်ဆေးလိုက်တော့လည်း ကင်ဆာလို့ပဲအဖြေထွက်ပါတယ်”ဟု ဆရာတော်က မိန့်သည်။

၇-၁၁-၂၀၁၃ ရက်နေ့တွင် စအို၌ အလုံးအဖုထပ်မံပေါ်လာသဖြင့် တတိယအကြိမ် ခွဲစိတ်ကုသ မှုခံယူခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဆရာတော်ဦးဇဝိက ချိန်းဆိုမှု အတိုင်းခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ပြသခဲ့ရာ နောက်ဆုံးပြသခဲ့သည့် ၂၂-၅-၂၀၁၅ ရက်နေ့တွင်မူ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဆေးစစ်ဆေးချက်များအရ သိရသည်။

“နောက်ပိုင်းမှာတော့ ကားစီးရတာ ပင်ပန်းတာရော နေလို့ကောင်းတာရောကြောင့် ရန်ကုန်ကို မသွားဖြစ်တော့ပါဘူး။ ကျောင်းမှာပဲ စာကြည့်လိုက်၊ ကျောင်းဝေယျာဝစ္စလုပ်လိုက် လုပ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဘုရား၊ တရားအားထုတ်တဲ့အလုပ်ကို ပဲလုပ်နေပါတယ်”ဟု ဆရာတော်က မိန့်သည်။

ယခုအခါ ၇၅နှစ်ရှိပြီဖြစ်သည့် ဆရာတော် ဦးဇဝိကသည်-

“အရင်က ဝက်သားကြိုက်တယ်။ အခုနောက်ပိုင်းတော့ မစားတော့ပါဘူး။ တခြားအသား၊ ငါးဟင်းတွေကတော့ ညှီလို့မစားပါဘူး။ ဆွမ်းဘုဉ်းပေးတာကတော့ မပျက်ပါဘူး။ ပုံမှန်ဆွမ်းဘုဉ်းပေးနိုင်ပါတယ်။ သွားသွားလာလာတော့ လုပ်နိုင်ပါတယ်။ ရာသီဥတုကအေးလာတော့ စအိုပတ်ချာလည်က နည်းနည်းကိုက်ချင်သလိုလိုတော့ ခံစားရပါတယ်။ ရွာမှာတော့ ဆေးခန်းတွေကို သွားမပြဖြစ်ပါဘူး။ ဆရာကြီး ဦးဦးကျော်ပေးတဲ့ သဘာဝဆေးလေးတွေကိုပဲ မှီဝဲတယ်၊ ပြီးတော့ တရားနာတယ်၊ တရားမှတ်တယ်၊ ထိုင်လို့တော့ သိပ်မကောင်းဘူး။ အဲဒါကြောင့် တရားနာတာ၊ တရားမှတ်တာတွေကို ထိုင်ရင်တောင် နောက်မှာအမှီလေးနဲ့ ထိုင်ရတယ်၊ လှဲပြီး တရားနာရတယ်၊ ခွဲထားတဲ့ နေရာက နည်းနည်းတင်းနေလို့ ထိုင်လို့ သိပ်မကောင်းပါဘူး . . ဒီလောက်တော့ရှိပါတယ် . . တရားမှတ်ရင်းနဲ့ ခန္ဓာကိုယ်နာတဲ့သဘောကို ကျော်ဖြတ်နိုင်ပါတယ်”ဟု ဆရာတော်က မိန့်သည်။

ဆရာတော် ဦးဇဝိကသည် သူ၏ ကင်ဆာကုသမှု ခရီးလမ်းအပေါ် အခြေခံပြီး အခြား ဒကာ၊ ဒကာမများသို့ အကြံဉာဏ်ပြုမိန့်ကြားလိုက်ပါသည်။ “ဘုန်းကြီးကတော့ တောသူတောင်သားဆိုတော့ မသိဘူးလေ။ စာဖတ်ဝါသနာပါတော့ ဂျာနယ်တချို့ ဖတ်လိုက်တဲ့အခါ အဲဒီကြော်ငြာလေးကို သွားတွေ့လိုက်တယ်။ အဲဒါကြောင့် သွားပြမိတာပါ။ ဆေးကုမှားခဲ့တယ်၊ အဲဒီဆေးကြောင့် ပိုဆိုးသွားခဲ့တယ်။ ဘုန်းကြီးလို မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ဆင်ခြင်ဖို့ ပြောချင်ပါတယ်”ဟု ဆရာတော် ဦးဇဝိကက မိန့်ကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top