Healthy Life Ad
International

ဇာထိုးပန်းထိုးလုပ်ခြင်း၊ မုန့်ဖုတ်ခြင်း၊ ပန်းချီဆွဲခြင်းတို့က ကိုယ်စိတ်ကျန်းမာစေနိုင်

၊ မိုးမင်းထွန်း ၊

ဇာထိုးတာ၊ ယိုထိုးတာ၊ ပန်းချီဆွဲတာတို့လို လက်မှုပညာတွေက လူငယ်တွေကြားမှာ ပြန်လည် ခေတ်စားလာနေပါတယ်။ လေ့လာမှုအသစ်တစ်ခုအရလည်း ဒီလိုဝါသနာတစ်ခုခုရှိတာက ကိုယ် ကျန်းမာစေရုံသာမက စိတ်လည်း ကျန်းမာစေတာကို တွေ့ရှိခဲ့ပါတယ်။

သုတေသနက ကျောင်းသား ၆၅၈ ယောက်ကိုလေ့လာခဲ့ပြီး လက်မှုပညာတစ်ခုပြုလုပ်ပြီးတဲ့ နောက်လူငယ်တွေက ပိုပျော်ရွှင်တည်ငြိမ်လာရုံမက အားအင်လည်း ပြည့်ဝလာကြောင်း တွေ့ရှိခဲ့ပါတယ်။ ဇာထိုးတာ၊ မုန့်ဖုတ်တာတို့တင်မကဘဲ ယိုထိုးတာ၊ ချက်ပြုတ်တာ၊ ဂီတအလုပ်တစ်ခုခု လုပ်တာ၊ ပန်းချီဒီဇိုင်း ဆွဲတာနဲ့ စာရေးသားတာတို့လို ပညာတွေကလည်း ကောင်းကျိုးဖြစ်စေတာကိုတွေ့ရှိခဲ့ပါတယ်။ ဒီသုတေသနကို နယူးဇီလန်အော့တာဂိုတက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနရလဒ်ကြောင့် အစဉ်အလာအိမ်တွင်းလက်မှုလုပ်ငန်းတွေကို အားပေးတဲ့ အမျိုးသမီးရေး ရာအဖွဲ့တွေအတွက်လည်း ဝမ်းသာစရာဖြစ်ခဲ့ရပါ တယ်။ လေ့လာမှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုက တီထွင်ဖန်တီးတဲ့လက်မှုလုပ်ငန်းတစ်ခု လုပ်ဆောင်ပြီးနောက်ရရှိတဲ့ စိတ်ချမ်းသာမှုက တာရှည်ခံပြီး နောက် နေ့မှာစိတ်ချမ်းသာစေရုံမက တီထွင်ဖန်တီးတဲ့ဉာဏ်လည်း ရင့်သန်စေကြောင်း သိရှိရပါတယ်။
(Ref;ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top