Healthy Life Ad
Health Tips

ကူးစက်တတ်သည့် အကျင့်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုများတဲ့သူရှိနေသလား၊ ပျော်ရွှင်တဲ့သူရှိနေသလား။ သင့်ဝန်းကျင်က သင့်စိတ်အခြေအနေကို ပြောင်းလဲအောင် လုပ်ဆောင်ပေးနေပါတယ်။

စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတဲ့သူဆီက ချွေးနံ့ကိုရတဲ့အခါ လူတွေကအလိုလို စိတ်မသက်မသာ ဖြစ်နေတတ်ပါတယ်။

ပန်းတိုင်ရှိခြင်း
ရည်မှန်းချက်ပန်းတိုင်ရှိပြီး အဲဒီအတိုင်းလုပ်ဆောင်တတ်သူနဲ့နေရင် လူတွေက အလုပ်ကြိုးစား ချင်စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။

အထီးကျန်ခြင်း
အထီးကျန်တဲ့သူတွေက အဆိုးမြင်စိတ်များသလို လူတွေကိုစိတ်တိုလွယ်ပြီး ခုခံလိုစိတ်ပိုများစေပါတယ်။ သူနဲ့အတူနေတဲ့ သူတွေကိုလည်း ထိတ်လန့်စေပါတယ်။

ကြောက်ရွံ့ခြင်း
ကြောက်ရွံ့တဲ့သူရဲ့အပြုအမူက လူတွေကို လန့်ဖျတ်စေပါတယ်။

စိတ်မသက်မသာ ဖြစ်ခြင်း
လက်တုန်ခြေတုန်ဖြစ်တာ၊ နှာရှုံ့တာစတဲ့စိတ်မသက်မသာဖြစ်တဲ့ အမူအရာက အနီးအနားရှိလူတွေကို ယုံကြည်မှုလျော့ကျစေပါတယ်။

ပျော်ရွှင်ခြင်း
ပျော်ပျော်နေတတ်သူရဲ့ ပတ်ဝန်းကျင်ကလူတွေဟာ ရွှင်ပြနေတတ်ပါတယ်။

အဆိုးမြင်အတွေးတွေးခြင်း
အဆိုးမြင်အတွေးတွေးတတ်တဲ့ သူအနားမှာ လူတွေ စိတ်မသက်မသာဖြစ်နေတတ်ပါတယ်။

သမ်းဝေခြင်း
တစ်စုံတစ်ယောက်သမ်းဝေတဲ့အခါ အနားက လူဟာလည်းလိုက်ပြီး သမ်းဝေတတ်ပါတယ်။

ယားယံခြင်း
တစ်ယောက်ယောက်ကုတ်နေရင် တခြားသူတွေကိုပါ ယားယံသလိုဝေဒနာဖြစ်ပေါ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top