Healthy Life Ad
Child

အကြင်နာတတ်ဆုံး ကလေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အကြင်နာတတ်ဆုံး ကလေးကို ရှာဖွေတဲ့ ပြိုင်ပွဲတစ်ခုမှာ လေးနှစ်သားလေးတစ်ဦးက ဆုချီးမြှင့် ခံခဲ့ရပါတယ်။

လေးနှစ်သားလေးရဲ့ အိမ်နီးချင်းဖြစ်သူက အသက်ကြီးကြီး လူကြီးလူကောင်းတစ်ယောက် . . သူက ဇနီးသည် ဆုံးပါးသွားတာ ပူပူနွေးနွေးပဲရှိသေးတယ်။ သိပ်မကြာသေးပါဘူး။ သူက ဇနီးသည်ဆုံးပါးသွားလို့ ငိုကြွေးနေတာကို လေးနှစ်သားလေးကတွေ့တော့ အဲဒီအဘိုးဆီသွားပြီး သူ့ပေါင်ပေါ်တက်ထိုင်ခဲ့တယ်။ ပြီးတော့ ငြိမ်ငြိမ်လေးနေခဲ့တယ်လေ။

သားလေးပျောက်သွားတာကို လိုက်ရှာရင်း မိခင်က စိုးရိမ်တကြီးနဲ့ “ကျွန်မသားလေးက ဦးလေးကို ဘာတွေများပြောနေသေးသလဲဟင်”ဆိုပြီး မေးမြန်းခဲ့တယ်။ အဘိုးက ပြန်မဖြေခင်မှာ သားလေးက သူ့မိခင်ကို ပြန်ပြောလိုက်ပါသတဲ့။

“ဘာမှမပြောပါဘူး မေမေ . . ဘိုးဘိုး ငိုတာကို သားက ကူညီရုံသက်သက်ပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top