Healthy Life Ad
International

ဟိန္ဒူနတ်ဘုရားဝင်စားသည်ဆိုပြီး ကိုးကွယ်ခံရသည့် နဖူးကြီးမျက်စိကျဉ်း ၆ နှစ်အရွယ် အိန္ဒိယ ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ် ကျေးရွာ တစ်ရွာမှ ကလေးငယ်ပရန်ရှုဟာ ဆေးပညာအရ မွေးရာပါချို့ယွင်းချက်တစ်ခုကြောင့် နဖူးကြီးမျက်စိကျဉ်းကာ မွေးဖွားလာပါတယ်။ ရွာသားတွေက ကံကောင်းမှုပေးတဲ့ နတ်ဘုရားဝင်စားတယ်ဆိုပြီး သူ့ကို ကိုးကွယ်နေကြပါတယ်။

ဆရာတွေ၊ အတန်းဖော်တွေက သူ့ရှေ့မှာ ခေါင်းငုံ့သွားကြပြီး ကြာသပတေးနေ့တိုင်း ရွာဘုရားကျောင်းအနီးမှာ လူတွေနဲ့တွေ့ဆုံလေ့ရှိပါတယ်။ ပရန်ရှုရဲ့ဖခင်ကလည်း သူ့သားဟာ နတ်ဘုရားတစ်ပါးဖြစ်တယ်လို့ ယုံ ကြည်ကြောင်းပြောပါတယ်။ သူ့ပုံပန်းသွင်ပြင်က နတ်ဘုရားနဲ့တူပြီး သူ့ဆီမှာ လိုရာဆု တောင်းတဲ့ရွာသားတွေမှာ ဆုတောင်းပြည့်ကြကြောင်း ပြောပါတယ်။

အသက် ၆ နှစ်အရွယ် ပရန်ရှုကလည်း လူတွေ သူ့ကိုကိုးကွယ်ယုံကြည်တာကို သဘောကျကြောင်းနဲ့ သူရဲ့ပုံပန်းသွင်ပြင်ကို ကျေနပ်ကြောင်း ပြောပြပါတယ်။ မောင်နှမလေးယောက်ရှိတဲ့ ပရန်ရှုတို့မိသားစုဟာ ဆင်းရဲပြီး ဖခင်က တစ်နေ့ကို စတာလင်ပေါင် ၄ပေါင်နဲ့ညီမျှတဲ့ ဝင်ငွေသာရှိပါတယ်။ တစ် နှစ်သားအရွယ်တုန်းက ဆရာဝန်နဲ့ပြဖူးပြီး တိတိကျကျစစ်ဆေးဖို့နဲ့ ကုသမှုခံယူဖို့ ငွေ ကြေးမတတ်နိုင်တာကြောင့် နောက်ထပ်စစ်ဆေးမှုတွေမပြုလုပ်ဖြစ်တော့ကြောင်း ဖခင်ဖြစ်သူက ရှင်းပြပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top