Healthy Life Ad
Q & A

အင်ပြင်ထွက်ပြီး ယားယံလျှင် . . .

မေး. အင်ပြင်ထွက်ပြီး ယားတယ်ဆိုတာ အစာတစ်ခုခု ဒါမှမဟုတ် ဆေးမတည့်တာကြောင့် ဖြစ်ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နေရင်းထိုင်ရင်း အင်ပြင်ထပြီး ယားတတ်ပါသလား။ သွေးသားပြောင်းလဲမှုဖြစ်တဲ့အခါ အင်ပြင်ထွက်တတ်ပါသလား။ နေရင်းထိုင်ရင်းနဲ့ အရေပြားယားနေပြီး အနီဖုမထွက်ရင် အင်ပြင်ထတယ်လို့ မှတ်ယူပြီး ဘာမီတွန်စားလို့ရပါသလား။ ဘာဆေးတွေစားသင့်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကုဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. ခန္ဓာကိုယ်က အရာတစ်ခုခုနဲ့ မတည့်တဲ့အခါ ဟစ္စတာမင်းပစ္စည်းနဲ့ ယားယံစေတဲ့ ပစ္စည်းတွေကို ထုတ်ပေးတာကြောင့် အင်ပြင်ဖြစ်တတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက သွေးကြောယိုစိမ့်မှုဖြစ်ပြီး သွေးကြောကျယ်လာပါတယ်၊ အရေပြားကို အနီရောင်ဖြစ်စေ၊ ရောင်စေတတ်ပါတယ်။ အရေပြားကို မတည့်တဲ့အရာနဲ့ ထိတွေ့မိရင် အင်ပြင်ဖြစ်တတ်ပါတယ်။ ဆေးတွေကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ မှီဝဲသင့်ပါတယ်။ အင်ပြင်တာရှည်ဖြစ်လာပြီး မပျောက်ရင် အသားစယူစစ်ဆေးပြီး သွေးကြောရောင်လို့ဖြစ်တဲ့ အင်ပြင်လားဆိုတာ စစ်ဆေးရပါမယ်။ အသက်ရှူကျပ်ရင်၊ ချောင်းဆိုးရင် သတိထားရပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြဖို့လိုတဲ့ အခြေအနေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top