Healthy Life Ad
Health Tips

ဆပ်ပြာရည် မတော်တဆ မျိုချမိလျှင် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အမြှုပ်ထနေတဲ့ ဆပ်ပြာရည်တွေကိုမျိုချမိ တဲ့အခါမှာ တချို့သော ဆပ်ပြာရည်အမြှုပ်တွေကြောင့် အဆိပ်သင့်တာကို ဖြစ်စေနိုင်ပါတယ်။

ဆပ်ပြာရည်အဆိပ်သင့်ခြင်းကြောင့် ဖြစ်တတ်သော လက္ခဏာများ

-အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ

-ဝမ်းပျက်ဝမ်းလျှောတာ

-အန်တာ

နောက်ဆက်တွဲ ဖြစ်တတ်သည့် အခြေအနေများ
ဆပ်ပြာရည်ကိုမျိုချမိပါက နောက်ဆက် တွဲအနေနဲ့ အောက်ပါအချက်အလက်တွေပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်။

-လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ အရင်ကျန်းမာရေးအခြေအနေ

-မျိုချမိတဲ့ ဆပ်ပြာအမျိုးအစား(ပြင်းအားနဲ့ ပါဝင် ပစ္စည်းတွေ သိနိုင်အောင်)

-မျိုချမိပြီးကြာချိန်

-မျိုချမိတဲ့ပမာဏ

လူနာရှင်အနေနဲ့ ဒီအချက်အလက်တွေကိုပါ သိအောင်မှတ်သားပြီး ဆရာဝန်ကိုပြောပြပါ။

– ကာကွယ်မှု
ကလေးတွေကို ဆပ်ပြာရည်အမြှုပ်တွေ ကို ပါးစပ်ထဲမဝင်အောင် ဂရုစိုက်ဖို့ပြောပါ။ ကလေးတွေကို ဆပ်ပြာရည်အမြှုပ်တွေနဲ့ဆော့ ကစားခွင့်မပြုပါနဲ့။

သတိပြုရန်
လူနာကို ဆရာဝန်ရဲ့ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘာကိုမှမလုပ်ပါစေနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top