Healthy Life Ad
International

တင်းနစ်ဘောလုံးအရွယ် လျှာကြောင့် အိပ်နေရင်း အသက်ရှူကျပ်မှာ စိုးရိမ်နေရ

၊ မိုးမင်းထွန်း ၊

ပိုလန်နိုင်ငံမှ ဆယ်ကျော်သက် ခရစ်စတော့ဖ်က လျှာသွေးကြောထဲမှာ အကျိတ်ပိုရှိတဲ့ haeman-gioma နဲ့ မွေးဖွားလာခဲ့ပါတယ်။ ကလေးဘဝကတည်းက အကျိတ်ကိုဖယ်ရှားဖို့ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပေမယ့် သွေးအထွက်လွန်တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

အခု အသက် ၁၈ နှစ်အရွယ်မှာ သူရဲ့လျှာက ပိုမိုကြီးထွားလာခဲ့ပြီး အသက်ရှူလမ်းကြောင်းပိတ်ဖို့ နည်းနည်းသာလိုတော့ကာ စကားတောင် ခက်ခက်ခဲခဲပြောနေရရှာပါတယ်။ တင်းနစ်ဘောလုံးလောက် ရှိတဲ့လျှာကြောင့် အိပ်ရင်းအသက်ရှူကျပ်ကာ သေသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အိပ်စက်နေရကြောင်း ပြောပြပါတယ်။ သူက ကျန်းမာရေးကောင်းမွန်တဲ့ ပုံမှန်ဘဝမျိုးရချင်ကြောင်း ပြောပြပါတယ်။

သူနဲ့ပုံစံတူ နော်ဝေနိုင်ငံမှ ကလေးငယ်တစ်ယောက်ဟာ ဂျာမနီနိုင်ငံမှာ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ မိဘတွေက အလားတူခွဲစိတ်ဖို့ ကြိုးစားနေပြီး လုံလောက်တဲ့ ခွဲစိတ်စရိတ်ရရှိဖို့ အလှူခံနေကြောင်းပြောပါတယ်။ ဒေသခံပရဟိတအဖွဲ့တွေက ဝိုင်းဝန်းကူညီပေးနေပြီး အလှူငွေတစ်ဝက်နီးပါး ရရှိပြီလို့ သိရပါတယ်။

ခရစ်စတော့ဖ်က ခွဲစိတ်မှုပြီးသွားရင် ပညာဆုံးခန်းတိုင်အောင် သင်ကြားချင်ပြီး တစ်နေ့မှာ စားဖိုမှူးတစ်ယောက် ဖြစ်လာချင်တယ်လို့ ဆိုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top