Healthy Life Ad
International

ဘဝပြောင်းခွဲစိတ်မှုခံယူရန် မျှော်လင့်နေသည့် တရုတ်မှ မျက်နှာကြီးအမျိုးသား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၅၃ နှစ်အရွယ် ရှီရာယွမ်ဟိုင်က မျက်နှာတစ်သျှူးတွေ အဆမတန်ကြီးထွားတဲ့ရောဂါ (facial hyperplasia)ကို ခံစားနေရပါတယ်။ မျက်နှာအချိုးအစားတွေက တဖြည်းဖြည်းကြီးလာပြီး သွားတွေကို ဖိသိပ်ခံရကာ နားကန်းသွားခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် အစ်ကိုရှီရာယွမ်ချန်း အဆိုအရ သူညီရဲ့ရောဂါလက္ခဏာတွေဟာ အသက်ကြီးမှ ပြသလာတာလို့ပြောပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘာမှမဖြစ်ခဲ့တာကြောင့် မိသားစုက ဆေးမကုခဲ့ပါဘူး။ နောက်ပိုင်း နှစ်တွေကြာပြီးနောက်မှာတော့ ယွမ်ဟိုင်ရဲ့မျက်နှာပုံပန်းဟာ တဖြည်းဖြည်း ကြီးထွားပျက်စီးလာခဲ့ပါတယ်။ အခုအချိန်မှာ ဆေးကုသဖို့အတွက် ငွေကြေးအတော်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ယွမ်ဟိုင်ရဲ့ အစ်ကိုဖြစ်သူက ရောဂါကုသစရိတ်အတွက် ငွေကြေးအကူအညီရရှိဖို့ ကြိုးစားနေကြောင်း ပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top