Healthy Life Ad
International

ပေါင်းအိုးပေါက်ကွဲခြင်းကြောင့် မီးပူလောင်သွားသည့် စုံတွဲ

၊ မိုးမင်းထွန်း ၊

ကက်စီဟော့ဂျက်စ်က ညစာအတွက်စွပ်ပြုတ်ကို ပြင်ဆင်ခဲ့ပါတယ်။ ပေါင်းအိုးနဲ့စွပ်ပြုတ်ကို ပေါင်းခဲ့ပြီး ၂၅ မိနစ်ခန့်အကြာမှာ သူ့ခင်ပွန်းမာ့ခ်ကို ပေါင်းအိုးအတွင်းဖိအားကျစေဖို့ ဖိအားအဖုံးကို ဖွင့်ခိုင်းခဲ့ပါတယ်။ အငွေ့ထွက်ပေါက်ကနေ အငွေ့တွေက ဖြည်းဖြည်းချင်း ထွက်နေစဉ်မှာပဲ ရုတ်တရက် ပေါင်းအိုးအဖုံးက ပွင့်လာခဲ့ပြီး စွပ်ပြုတ်တွေကအပြင်ကို စင်ထွက်လာခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကက်စီရဲ့ လက်တွေ၊ ရင်ဘက်နဲ့ ဗိုက်တို့မှာ မီးလောင်ရာတွေ ပြင်းပြင်းထန် ထန်ဖြစ်ပွားခဲ့ပါတယ်။ မာ့ခ်ရဲ့ဝမ်းဗိုက်နေရာတချို့မှာလည်းအပူလောင် သွားခဲ့ပါတယ်။ ကက်စီကို ဆေးရုံတင်ခဲ့ရပြီး သူရဲ့ယောကျာ်းမာ့ခ်က သူ့ကို နိစ္စဓူဝပြုစုပေးခဲ့ရပါတယ်။

ကက်စီက တခြားမိသားစုတွေ သူတို့လိုမဖြစ်စေဖို့ ပေါင်းအိုးအသုံးပြုရာမှာ သတိထားဖို့တိုက်တွန်းခဲ့ပါတယ်။ သူတို့စုံတွဲက ပေါင်းအိုးအသုံးပြုရာမှာ ပုံမှန်အစီအစဉ်အတိုင်းပြုလုပ်ခဲ့ပေမယ့် အန္တရာယ်ဖြစ်ခဲ့တာကြောင့် ပေါင်းအိုးထုတ်လုပ်သူကို တရားစွဲနိုင်ဖို့ ရှေ့နေနဲ့တိုင်ပင်နေကြောင်း ပြောပြပါတယ်။

(Ref; NA)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top