Healthy Life Ad
International

ခွဲစိတ်မှုတစ်ခုကြောင့် မျက်နှာအပေါက်နဲ့ ၈ နှစ်တိုင် နေထိုင်နေရ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၇၁ နှစ်အရွယ် အက်ဒ်ဝပ်ကရုခ်က နှုတ်ခမ်းထိပ်နားမှအနာက ကြီးလာတာကြောင့် ၂၀ဝ၈ခုနှစ်က ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ခွဲစိတ်မှုအပြီးမှာ နှစ်လခွဲကြာအောင် သတိမေ့နေခဲ့ပြီးနောက် မျက်နှာမှာအပေါက်တစ်ခုဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

ဆရာဝန်တွေက မျက်နှာကို ပြန်လည်ပြုပြင်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ၈ နှစ်ကြာတဲ့အထိ မပြုပြင်ပေးသေးဘူးလို့ ဆိုပါတယ်။ ပတ်ဝန်းကျင်က သူ့အကြောင်း အတင်းအဖျင်းပြောတာကြောင့် အိမ်အပြင်မထွက်ရဲအောင်ဖြစ်နေတယ်လို့ ပြောပြပါတယ်။ ခွဲစိတ်မှုက သူ့ဘဝကို ပျက်စီးစေခဲ့တယ်လို့ ကရုခ်က အခိုင်အမာဆိုနေပါတယ်။ ရှေ့နေတွေနဲ့ တရားစွဲဖို့တိုင်ပင်ခဲ့ပေမယ့်လည်း အမှုမခိုင်မာတာကြောင့် လက်မခံကြကြောင်း ပြောပါတယ်။

မန်ချက်စတာဆေးရုံ ပြောရေးဆိုခွင့်ရှိသူက ၂၀ဝ၈ခုနှစ်က ကရုခ်ဟာ ဆေးရုံသို့လာရောက်ကာ အသက်ကယ်ခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်းနဲ့ ခွဲစိတ်မှု အောင်မြင်ပြီးအသက်ချမ်းသာခဲ့တာကြောင့် ဆေးရုံအနေနဲ့ ဝမ်းသာကြောင်းပြောပါတယ်။ ခွဲစိတ်မှု ရှုပ်ထွေးတာကြောင့် မျက်နာပြန်လည်ပြုပြင်စရာ လိုအပ်ခဲ့ပြီး ပြုပြင်ပေးမယ့်ကမ်းလှမ်းမှုကိုကရုခ်က လက်မခံခဲ့ကြောင်းရှင်းပြပါတယ်။ ကရုခ်သာ ဆန္ဒရှိမယ်ဆိုရင် မျက်နှာပြုပြင်ပေးဖို့ အသင့်ရှိနေဆဲဖြစ်ကြောင်း ဆေးရုံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

(Ref; DS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top