Healthy Life Ad
International

မိန်းကလေး ဆံပင်၊ လက်သည်း အလှဆင်နည်းကို ဖခင်များအတွက် အခမဲ့သင်တန်း ဖွင့်လှစ်ပေးသည့် သမီးရှင်ဖခင်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှ ဖိလစ်မောဂိစ်က ဘဝတူဖခင်တွေအတွက် သမီးမိန်းကလေး ဆံပင်အလှဆင်ထုံးဖွဲ့မှု သင်တန်းတွေ အခမဲ့ပေးဖို့ လွန်ခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ပါတယ်။ မိခင်မရှိတော့တဲ့ သမီးလေးကို ကိုယ်တိုင်ထိန်းကျောင်းနေရတဲ့ ဖိလစ်အတွက် အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာတာကြောင့် တခြားဖခင်တွေ အခက်အခဲမရှိအောင် ကူညီဖို့ အခမဲ့သင်တန်း ဖွင့်ခဲ့တာလို့ ဆိုပါတယ်။

တစ်ပတ်တာ သင်တန်းမှာ ဆံပင်၊ လက်သည်း အလှဆင်နည်းကို သင်ကြားပေးပြီး ဖခင်စုစုပေါင်း ၂၃ယောက် လာရောက်တက်ရောက် ကြကာ အဘိုးတွေတောင်ပါဝင်တယ်လို့ သိရပါတယ်။ သင်တန်းတွေက အလှဆင်နည်းတွေသာမက သမီးနဲ့ ဖခင်ကြား နွေးထွေးကြင်နာတဲ့ဆက်ဆံရေးရရှိဖို့ပါ ကူညီနိုင်မယ်လို့ သူကယုံကြည်ထားပါတယ်။ ဘာမှမလုပ်တတ်တဲ့ဖခင်တွေတောင် ပွင့်လင်းရိုးရှင်းတဲ့ နည်းလမ်းနဲ့ အလှဆင်နည်းတွေ သင်ကြားပေးနေပါတယ်။

သင်တန်းအပြီးမှာ ဖခင်တွေဟာ သမီးမိန်းကလေးတွေအတွက် အလှဆင်နည်းတွေ တတ်မြောက်သွားကြကြောင်းသိရပါတယ်။ ပြင်သစ်ဆံပင်ထုံးဖွဲ့နည်းကို အများစုကသင်ကြားကြပြီး ဒီဆံပင်ပုံစံက ကျောင်းကပွဲတွေ၊ ဆုပေးပွဲတွေမှာ ကလေးတွေအများဆုံးအလှပြင်တဲ့ အမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

ဖိလစ်က ငွေကြေးကြောင့် သင်တန်းမလာရောက်မှာစိုးရိမ်တာ ကြောင့် အခမဲ့သာ အမြဲပြုလုပ်သွားမှာလို့ ပြောကြားခဲ့ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top