Healthy Life Ad
International

အရည်အိတ်က မျက်နှာတစ်ခုလုံး ဖုံးအုပ်နေသည့် ဘင်္ဂလားဒေ့ရှ်ကလေးငယ်

မိုးမင်းထွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၁၁လအရွယ် ချင်ဂရွမ်မရိုက အသက် ၉ လအရွယ်မှာ ဆေးရုံတက်ခဲ့ရပြီး ganglioglioma ခေါ်တဲ့ တစ်ဖြည်းဖြည်းကြီးထွားတဲ့ ရှားပါးအရည်အိတ်ရောဂါ ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

မွေးကတည်းက အရည်အိတ်ဟာ ကြီးထွား လာနေကာ ကုသမှုမခံယူပါက မိန်းကလေးငယ်ဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားစေနိုင်ပါတယ်။ မိသားစုက ဆင်းရဲတာကြောင့် လူမှုရေး အကျိုးဆောင် ဖေဘီယန်ဂိုမက်ဇ်က ဖေ့စ်ဘွတ်မှာ အလှူခံပေးခဲ့ပါတယ်။ သူရဲ့လုပ်ဆောင်ချက်က ထိရောက်တာကြောင့် လူပေါင်းများစွာက အကူအညီ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကဘင်္ဂလား ဒေ့ရှ်ဝန်ကြီး အိုဘေဒယ်ကာဒါရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ကလေးငယ်ကို ဒါကာဆေးကောလိပ် ဆေးရုံမှာ ကုသမှုခံယူတော့မှာ ဖြစ်ပါတယ်။

အာရုံကြောအထူးကု၊ ကလေးအထူးကုနဲ့ ပလတ်စတစ်ခွဲစိတ်အထူးကုတို့ ပါဝင်တဲ့ ဆရာဝန် အဖွဲ့က ကလေးကို မကြာခင်ခွဲစိတ်ပေးတော့မယ်လို့ သိရပါတယ်။ ကလေးရဲ့ဖခင်ကတော့ ကူညီပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ခွဲစိတ်မှုအောင်မြင်ပြီး ကလေးရဲ့ဘဝပုံမှန်အတိုင်းဖြစ်သွားဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။ဦးနှောက်မှာဖြစ်ပွားတဲ့ ganglioglioma အရည်အိတ်ရောဂါရဲ့ ၉၅ ရာခိုင်နှုန်းဟာ ခွဲစိတ်ဖယ်ရှားပြီးတာနဲ့ နောက်ထပ်ပြန်လည်ဖြစ်ပေါ်လေ့ မရှိဘူးလို့ သိရပါတယ်။
Ref; DM

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top