Healthy Life Ad
International

အိမ်အကူကို မကျွေးဘဲ ထိုင်ခိုင်းထားပြီး ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည့် မိသားစုဓာတ်ပုံကြောင့် လူအများဒေါသထွက်

၊ မိုးမင်းထွန်း ၊

အိမ်အကူကို အနီးမှာ စားစရာ၊ သောက်စရာ မပေးဘဲ စားပွဲကျင်းပနေတဲ့မိသားစုတစ်စုရဲ့ ဓာတ်ပုံပေါ်ထွက်လာပါတယ်။ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတဲ့ဓာတ်ပုံမှ မိန်းကလေးဟာ သနား စဖွယ်ကောင်းတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ လူအများဒေါသထွက်နေကြကြောင်း သိရပါတယ်။

မိုက်ကယ်ဖန်နီအမည်ရ အမျိုးသားက ဂျကာတာရှိစားသောက်ဆိုင်တစ်ဆိုင်မှာ ဓာတ်ပုံ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အလုပ်ရှင်မိသားစုစားသောက်တာကို ဘေးစားပွဲမှာထိုင်ရင်း မျှော်ကြည့် နေတဲ့အိမ်အကူမလေးရဲ့ပုံကို သူက အနီရောင်စက်ဝိုင်း ဝိုင်းပြထားပါတယ်။

“အိမ်အကူတွေဆိုတာကလည်း ဘဝခရီးသွားဖော်တွေပါပဲ။ လူသားတွေပါ။ သူ့နေရာကို ဝင်ပြီး ကိုယ်ချင်းစာကြည့်ရင် ကိုင်စရာဖုန်းမရှိ၊ စားဖို့အခေါ်မခံရနဲ့ မျက်လုံးတွေက ဟိုဟိုဒီဒီ ကြည့်နေရပါတယ်။အိမ်အကူတွေ၊ အိမ်ကားမောင်းသူတွေ၊ မာလီတွေကိုလေးစားမှုရှိသင့်ပါတယ်။ ဘဝဆိုတာ အနိုင်အရှုံး ကိစ္စမဟုတ်ပါဘူး။ ကိုယ်တိုင်ရေးရတဲ့သမိုင်းပါ”လို့ ဖန်နီကပြောပြပါတယ်။

အိမ်အကူအလုပ်သမားတွေဟာ အင်ဒိုနီးရှား ရဲ့ အလုပ်သမားအင်အားစုမှာ အများစုဖြစ်ကာ အ သက်ငယ်ငယ်နဲ့ စတင်အလုပ်လုပ်ကြပါတယ်။တောရွာတွေကလာလေ့ရှိပြီး မြို့ပေါ်တက်အလုပ်လုပ်ကာ ရွာက မိဘတွေကို ထောက်ပံ့ရလေ့ရှိပါတယ်။ အလုပ်ရှင်တချို့က ကောင်းပေမယ့် အများစုကတော့ မောက်မာလေ့ရှိတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်း ၁၃၀ဝ၀နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ သန်း ၂၆၀ ကျော်ရှိကြောင်း သိရပါတယ်။

(Ref;MR)

Most Popular

Healthy Life Ad
To Top