Healthy Life Ad
International

၈၀အရွယ် ထင်ရသည့် မွေးကင်းစ ကလေးငယ်

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရေပြားတွန့်၊ မျက်လုံးဟောက်ပက်၊ ရှုံ့တွနေတဲ့ ခန္ဓာကိုယ်၊ နောက်ကျောမှာ အမွှေးထူတွေဖုံးအုပ်နေတဲ့ ကလေးငယ်တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတဲ့ရောဂါ (progeria)ကြောင့် ကလေးက အသက် ၈၀အရွယ် ပုံပေါက်နေပါတယ်။

Progeria ရောဂါက လူ ၄သန်းမှာ တစ်ကြိမ်သာဖြစ်ပွားနိုင်ပြီး မျိုးဗီဇချို့ယွင်းမှုတစ်ခုကြောင့် ဖြစ်ပွားတာပါ။ ချို့ယွင်းမှုကြောင့် Progeria ပရိုတင်းကိုထုတ်လုပ်ပြီး ဒီပရိုတင်းကိုအသုံးပြုတဲ့ ဆဲလ်တွေက မြန်မြန်ပျက်စီးတာကြောင့် ဝေဒနာရှင်တွေမှာ အချိန်မတိုင်ခင် အိုမင်းကြတာဖြစ်ပါတယ်။ မိသားစုကတော့ ထူးဆန်းတဲ့ ကလေးလေးကြောင့် ပျော်ရွှင်နေကြပါတယ်။

သမီးတစ်ယောက်ရထားပြီးနောက် သားယောကျာ်းလေးရတဲ့အတွက် ဂုဏ်ယူနေပြီး ကလေးက ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်ခင်မှာဖြစ်ကြောင်း ပြောပါတယ်။ ရောဂါရသူအများစုဟာ အသက် ၁၃ နှစ်ကျော်အောင် အသက်ရှင်လေ့မရှိပေမယ့် မိဘတွေကတော့ အကောင်းမြင်စိတ်ထားပြီး ကျန်းမာအောင် အစွမ်းကုန် ဂရုစိုက်မယ်လို့ ပြောဆိုနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top