Healthy Life Ad
International

ဆေးရုံတက်နေသည့် သခင်ကို ဆေးရုံအပြင်က ၆ ရက်ကြာ စောင့်နေသော ခွေးလေး

၊ မိုးမင်းထွန်း ၊

စပိန်ဆေးရုံတစ်ရုံမှာ တက်နေတဲ့ သခင်ပြန်အလာကို အသက် နှစ်နှစ်အရွယ် ဂျပန်ခွေးမျိုးဖြစ်တဲ့ မာယာက ဆေးရုံအပြင်ကစောင့်နေတာ ၆ ရက်ရှိသွားပြီဖြစ်ပါတယ်။

မာယာရဲ့ပိုင်ရှင် အသက် ၂၂ နှစ်အရွယ် စန်ဒရာအင်နီယေစတာက လွန်ခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က အူအတက်ရောင်တာကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ မာယာက သခင်နဲ့အတူ ဆေးရုံကိုလိုက်လာခဲ့ပြီး သခင်ပြန်အလာကို ဆေးရုံအပြင်က စောင့်နေခဲ့ပါတယ်။ စန်ဒရာရဲ့ဖခင်က အိမ်ကိုပြန်ခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မာယာကခေါင်းမာစွာဘဲ စောင့်မြဲစောင့်နေတာ ဖြစ်ပါတယ်။ စန်ဒရာက အခုအခါ သက်သာလာနေပြီဖြစ်ပါတယ်။

သူရဲ့ခွေးမလေးက ဒီလို အကျင့်ရှိကြောင်း၊ သူဘယ်သွားသွား အမြဲနောက်က လိုက်ကြောင်းနဲ့ တံခါးဝမှာ စောင့်နေတတ်ကြောင်း စန်ဒရာကပြောပါတယ်။ ဆေးရုံဝန်ထမ်းတွေက ဆေးရုံအပြင်ထွက်ကာ ခွေးလေးကိုစောင့်ရှောက်ပေးနေပြီး သစ္စာရှိခွေးလေးဟာ အနီးအနားမှာ လူသိများလာနေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top