Healthy Life Ad
Life Style

အမျိုးသားကျန်းမာရေး ထိခိုက်စေသည့် အပြုအမူ သုံးရပ်

၊ ကိုမိုး ၊

အမျိုးသားအများစုမှာ ရှိတတ်တဲ့ အပြုအမူ သုံးရပ်ဟာ သက်ရှည်ကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါဝေဒနာတွေကို ရရှိစေပါတယ်။

(၁) လေ့ကျင့်ခန်း မလုပ်ခြင်း
လမ်းလျှောက်တာက အမျိုးသားတွေ အလွယ်တကူလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ ငွေကုန်ကြေးကျလည်း မများပါဘူး။ ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသားအများစုဟာအထိုင်များပြီး လှုပ်ရှားမှု နည်းနေကြတာကို တွေ့ရပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် လမ်းလျှောက် ပေးရင် လုံလောက်ပါတယ်။

(၂) ဆရာဝန်နှင့် ပြသရန် ငြင်းဆန်ခြင်း
ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတဲ့ အမျိုးသား ၈၀ ရာခိုင်နှုန်းဟာ ရောဂါအစောပိုင်း အခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆိုးဝါးတဲ့ ရောဂါအဆင့်အထိ ဖြစ်ပေါ် ခံစားရကြောင်း ပြောပြခဲ့ပါတယ်။ ဒါကြောင့် တချို့လူနာတွေဆိုရင် ရောဂါကို ခွဲစိတ်ကုသမှုခံယူရတဲ့ အဆင့်အထိ ရောက်သွားတယ်လို့ လေ့လာသူတွေက ရှင်းပြထားပါတယ်။

(၃) နံနက်စာ မစားခြင်း
လေ့လာမှုအရ နံနက်စာ မစားတဲ့ အမျိုးသားတွေဟာ ဇီဝရုပ်ဖြစ်ပျက်နှုန်း လျော့နည်းကြကြောင်း သိရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းနိုင်စွမ်းခက်ခဲပြီး တစ်နေ့လုံးအလုပ်လုပ်နိုင်တဲ့ စွမ်းအား ကျဆင်းတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top