Healthy Life Ad
International

တစ်အိမ်လုံးမီးလောင်သောကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးလိုက်ရသည့် ၈နှစ်အရွယ်ကလေးလေး ခြေတု၊လက်တုရရှိ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာနေထိုင်တဲ့ မိန်းကလေးငယ်လေးဟာ ဆောင်းရာသီအားလပ်ရက်အတွင်းမှာ လူသန်းပေါင်းများစွာရဲ့ အသည်းနှလုံးကိုဖမ်းစားနိုင်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကရှို့မီးတစ်ခုကြောင့် ဆက်ဖိုင်ယာတယ်ရီတို့အိမ်တစ်ခုလုံး မီးလောင်သွားခဲ့ပြီး သူရဲ့ဖခင်နဲ့မောင်နှမသုံးယောက်တို့ သေဆုံးသွားခဲ့ပါတယ်။ မီးတောက်တွေဘေးက သူ့ကိုကာပေးရင်းသေဆုံးသွားတဲ့ သူ့ဖခင်ရဲ့ဘေး အပျက်အစီးအစအနတွေကြားမှာ သူ့ကိုအသက်မသေဘဲ တွေ့ရှိခဲ့ရတာပါ။

မီးကြောင့်သူ့မှာ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး လပေါင်းများစွာဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဒဏ်ရာတွေကြောင့် သူရဲ့ညာဘက်လက်နဲ့ ဘယ်ဘက်ခြေထောက်တို့ ဆုံးရှုံးသွားခဲ့ပါတယ်။

ဒီအကြောင်းတွေကို မီဒီယာတွေကရေးသားခဲ့ပြီး သူရဲ့သတင်းဟာ ချက်ချင်းနာမည်ကြီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ဒီဇင်ဘာလက ဆက်ဖိုင်ယာက ကမ္ဘာတစ်ဝှမ်းမှခရစ်စမတ်လက်ဆောင်ကတ်တွေ လိုချင်တယ်လို့ပြောကြားခဲ့ပါတယ်။ သူရဲ့ဆန္ဒကပြည့်ဝခဲ့ပြီး လူတွေကသူ့ဆီ လက်ဆောင်ကတ်တစ်သန်းကျော် ပေးပို့ခဲ့ပါတယ်။ ကေတီပယ်ရီနဲ့ အိုဘားမားမိသားစုတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေကတောင် ပေးပို့ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက ဆက်ဖိုင်ယာလေးဟာ ပွဲလမ်းသဘင်တွေမပြတ် ဖိတ်ခေါ်ခံနေရပါတယ်။

အခုအပတ်မှာတော့ သူရဲ့အဒေါ်က ဆက်ဖိုင်ယာဟာခြေတုလက်တုတစ်စုံကို ရရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ကြေညာလိုက်ပါတယ်။ အဒေါ်ဖြစ်သူက ဆက်ဖိုင်ယာဟာလူတွေရဲ့ ဝိုင်းဝန်းဂရုစိုက်မှုကို ကျေနပ်ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။ ဒါက ရှေ့လျှောက်ရမယ့်ဘဝအတွက် အားဆေးတွေပဲဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top