Healthy Life Ad
Q & A

အရေပြား ယားယံနေပါတယ် . . .

မေး ။ ။ အခုတလော အရေပြားက မကြာခဏ ယားယံနေလို့ပါ။ အရေပြား ယားယံတာက ရောဂါရှိ လို့ပါလား ခင်ဗျာ။
ထွဋ်မင်း (FB)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

ဖြေ ။ ။ ယားတာက အရေပြားနဲ့ ဆိုင်သလို တစ်ကိုယ်လုံးမှာရှိတဲ့ ရောဂါတွေနဲ့ ဆိုင်ပါတယ်။ စိတ်ကြောင့်လည်း ယားတတ်ပါတယ်။
ဒါကြောင့် အရေပြားယားတယ်ဆိုတဲ့ လူနာတွေလာရင် မေးမြန်းတဲ့ မေးခွန်းတွေက အရေကြီးပါတယ်။ ဘယ်နေရာက စယားသလဲ။ တစ်နေရာတည်း ယားတာလား၊ တစ်ကိုယ်လုံးယားတာလား။ ဘယ်အချိန် ယားတတ်သလဲ။ ညယားတာကဝဲဖြစ်တတ်ပါတယ်။ သံကောင်ရှိရင်လည်း ယားတတ်ပါတယ်။ ယားတာက ရာသီနဲ့လည်း ဆိုင်တတ်တယ်။ဥပမာ-ဆောင်းမှာ ပိုယားရင် အရေပြားခြောက်သွေ့လို့ ဖြစ်တတ်တယ်။ ဘာအလုပ်လုပ်လဲ။ ဥပမာဘိလပ်မြေကိုင်သူဆိုရင် ဘိလပ်မြေနဲ့မတည့်လို့ယားတတပ် တယ်။အိမ်မွေး တိရိစ္ဆာန်ဓာတ်မတည့်မှုဖြစ်လို့ အရေပြားယားတာမျိုး ဖြစ်တတ်ပါတယ်။
အသက်ကြီးသူတွေက အရေပြားခြောက်သွေ့တတ်တယ်။ ဒါကြောင့် အရေပြားထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။အခု အရေပြားထိန်းပစ္စည်းတွေနဲ့ အလှပြင်ပစ္စည်းတွေက အသစ်တွေပေါ်တော့ စမ်းသုံးရင်းအရေပြားဓာတ်မတည့်ဖြစ်ပြီး ဆေးခန်းလာပြသူတွေများပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top