Healthy Life Ad
International

တရုတ်ရိုးရာစုပ်ခွက်ကုထုံးကြောင့် နောက်ကျောတွင် အပေါက် ၇ ပေါက်ဖြစ်သွား

၊ မိုးမင်းထွန်း ၊

တရုတ်ရိုးရာဆေးပညာမှာ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိတဲ့ စုပ်ခွက်ကုထုံးကြောင့် အသက် ၆၃နှစ်အရွယ် လင်လင်ဆိုတဲ့ အမျိုးသားရဲ့နောက်ကျောမှာ အပေါက် ၇ပေါက်ဖြစ်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ နေထိုင်တဲ့ လင်လင်ဟာ သူရဲ့ဇက်ကြောတက်ဝေဒနာ ပျောက်ကင်းဖို့အတွက် မေလကနေ ဇွန်လအထိ နေ့တိုင်း ဒီကုထုံးကိုခံယူခဲ့တယ်လို့ဆိုပါတယ်။ ဒီကုထုံးက အကြောတက်၊ တောင့်တင်းတာတွေ ပျောက်ကင်းတယ်လို့နာမည်ကျော်ပါတယ်။ အပူပေးထားတဲ့ဖန်ခွက်ကို လူနာရဲ့အရေပြားပေါ်မှာ စုပ်အားဖြစ်အောင် ဖန်တီးကုသတဲ့ ဒီကုထုံးက သွေးလည်ပတ်မှုကောင်းအောင် ပြုလုပ်ပေးတယ်လို့ဆိုပါတယ်။

ကုထုံးဆရာဝန်က သူရဲ့နောက်ကျောမှ တူညီတဲ့နေရာတွေကိုပဲ နေ့တိုင်း ဖန်ခွက်ကပ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ၁၀ ရက်အကြာမှာ မီးလောင်ဖုလေးတွေဖြစ်လာခဲ့ပါတယ်။ ကုသချိန် တစ်လမပြည့်မီ နှစ်ရက်အလိုမှာတော့ သူရဲ့နောက်ကျောက အပြင်းအထန်နာလာခဲ့ပြီး ဖျားခဲ့တယ်လို့ဆိုပါတယ်။ ကုထုံးကြောင့် သူရဲ့နောက်ကျောမှာ မီးကျွမ်းတဲ့ ဒဏ်ရာတွေကျန်ခဲ့ပြီး အပေါက်တွေ ဖြစ်သွားခဲ့ပါတယ်။

လင်လင်က ဆေးရုံကိုသွားပြခဲ့ရာ ဆရာဝန်တွေက စုပ်ခွက်ကုထုံးဆက်မလုပ်ဖို့ သတိပေးခဲ့ပြီး သူရဲ့ဒဏ်ရာတွေ ကိုကုသပေးခဲ့ပါတယ်။ “လင်လင်သာ အချိန်မီ ဆေးကုသမှုမခံယူခဲ့ဘူးဆိုရင် ဒဏ်ရာတွေကတစ်ဆင့် ကူးစက်ပိုးဝင်ရောက်နိုင်တယ်”လို့ ဆရာဝန်တွေက ရှင်းပြပါတယ်။ စုပ်ခွက်ကုထုံးက ကောင်းမွန်ပေမယ့် အချိန်အကြာကြီး ခန္ဓာကိုယ်ပေါ်က တူညီနေရာတွေကို ကုထုံးမပြုလုပ်သင့်ဘူးလို့ သူတို့ကအကြံပေးခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top