Healthy Life Ad
International

၂၀၂၅ ခုနှစ်တွင် အမျိုးသမီးများက အမျိုးသားများထက် စက်ရုပ်ဖြင့် ချစ်ကျွမ်းဝင်နိုင်ခြေပိုများမည်ဟု ဟောကိန်းထုတ်

၊ မီမိုး ၊

လာမယ့် ၁၀ နှစ်အတွင်း အမျိုးသမီးတွေက အမျိုးသားတွေထက် စက်ရုပ်တွေနဲ့ပိုမို ချစ်ကျွမ်းဝင်နိုင်ခြေများမယ်လို့ ဒေါက်တာအီယန်ပီယာဆန်က ဆိုပါတယ်။

ဒေါက်တာအီယန်ပီယာဆန်က ရှေ့လာမယ့်နှစ်တွေမှာ ဘာဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းတဲ့ အနာဂတ်ဟောကိန်းပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူကအမျိုးသမီးတွေအဖို့ စက်ရုပ်တွေနဲ့အများဆုံး အချိန်ဖြုန်းမယ့်ကာလဟာ မဝေးတော့ဘူးလို့ပြောပါတယ်။

အမျိုးသမီးတစ်ကိုယ်ရည် အာသာဖြေရာမှာသုံးတဲ့ ဗိုင်ဘရေတာတွေက အရင်ကမကြားဝံ့မနာသာတွေပါ။ ဒါပေမဲ့အခုတော့ အမျိုးသမီးရေးရာမဂ္ဂဇင်းတွေမှာ ဒါတွေအကြောင်းကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြပါ ပြီ။ ဒီလိုပဲ စက်ရုပ်နဲ့လိင်ဆက်ဆံတဲ့ကိစ္စဟာလည်း မကြာခင်မှာအမျိုးသမီးတွေကြား ရေပန်းစားလာပါလိမ့်မယ်လို့ သူကခန့်မှန်းပါတယ်။

ဉာဏ်ရည်တုနည်းပညာနဲ့ စက်ပိုင်းဆိုင်ရာနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စက်ရုပ်တွေရဲ့အပြုအမူက ပိုမိုကောင်းမွန်လာဖို့ရှိပြီး လူတွေနဲ့သံယောဇဉ်တွယ်ငြိနိုင်ခြေ ရှိလာမှာပါလို့ သူကပြောပါတယ်။

သံသယဝင်သူတွေအနေနဲ့ ဒေးဗစ်မီးလ်ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို ကြည့်နိုင်တယ်လို့ပြောပါတယ်။ ဒေးဗစ်က သူရဲ့လိင်အရုပ်မလေးတက်ဖီနဲ့ သူ့အကြောင်းကို မကြာခင်ကဖွင့်ချခဲ့ပါတယ်။ သူကအရုပ်မလေးနဲ့ နှစ်နှစ်ကြာဆက်ဆံရေးရှိခဲ့ပြီလို့ ဆိုပါတယ်။ တခြားအမျိုးသမီးတွေနဲ့ လိင်ဆက်ဆံဖူးပေမယ့် တက်ဖီကအကောင်းဆုံးလို့ သူကဝန်ခံခဲ့ပါတယ်။

၂၀၅၀ ခုနှစ်အရောက်မှာ စက်ရုပ်တွေနဲ့လိင်ဆက်ဆံတာက လူလူချင်းလိင်ဆက်ဆံတာထက်ကို ကျော်လွန်နိုင်တယ်လို့ ဒေါက်တာအီယန်က ဟောကိန်းထုတ်လိုက်ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top