Healthy Life Ad
Health Tips

သင်တို့တစ်မိသားစုလုံး နာမကျန်းဖြစ်ခြင်း ကင်းဝေးစေဖို့ . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးတွင်းရောက်တာနဲ့ နာမကျန်းမှုတွေ အဖြစ်များလာပါပြီ။ အဲဒီအတွက် သင့်အနေနဲ့ နာမကျန်းမှုမဖြစ်စေဖို့ အောက်ပါအမူအကျင့်တွေကို လိုက်နာပေးသင့်ပါတယ်။

(၁) လက်ကို မကြာခဏဆေးကြောပါ
လက်တွေက ဗိုင်းရပ်စ်နဲ့ပိုးမွှားတွေ အဓိကသယ်ဆောင်ရာဖြစ်တဲ့အတွက် လက်ကိုမကြာခဏဆေးကြောပါ။ အိမ်သာတက်ပြီးတိုင်း လက်ဆေးပါ။

(၂) ဘက်တီးရီးယားပိုးသေ လက်ဆေးဆပ်ပြာကို ကား၊ အလုပ်အံဆွဲနှင့် ပိုက်ဆံအိတ်ထဲဆောင်ထားပါ
လက်ဆေးဖို့အတွက် ရေနဲ့ဆပ်ပြာကအကောင်းဆုံးဆိုပေမယ့် သင်သွားလေရာနေရာတိုင်း ရေနဲ့လက်ဆေးဆပ်ပြာ ရရှိဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားပိုးသေ လက်ဆေးဆပ်ပြာကိုဆောင်ပါ။

(၃) ကိုယ်ခံအားစနစ်ကို တည်ဆောက်ပါ
ကိုယ်ခံအားစနစ်အားနည်းတဲ့အခါ ဖျားနိုင်ခြေများပါတယ်။ အနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာနဲ့ ရေများများသောက်တာတို့ကို ကိုယ်ခံအားစနစ်ကို သန်စွမ်းကျန်းမာစေပါတယ်။

(၄) နှာခေါင်းနှိုက်ခြင်း၊ သွားကြားထိုးခြင်းနှင့် မျက်စိပွတ်ခြင်း မလုပ်သင့်ပါ
နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိဟာ ဗိုင်းရပ်စ်ပိုးနဲ့ ရောဂါပိုးမွှားဝင်ရာ တံခါးပေါက်ပါ။ ဒါကြောင့် သင့်လက်နဲ့မျက်စိပွတ်တာ၊ သွားကြားထိုးတာ၊ နှာခေါင်းနှိုက်တာတို့မလုပ်ပါနဲ့။ တစ်သျှူးသုံးပြီး မျက်စိပွတ်ပါ၊ ရေချိုးချိန်မှာ နှာခေါင်းထဲလက်နှိုက်ပါ၊ သန့်စင်တဲ့သွားကြားထိုးတံနဲ့ သွားကြားထိုးပါ။

(၅) နေ့စဉ် ဗီတာမင်စီမှီဝဲပါ
နေ့တိုင်း ဗီတာမင်စီမှီဝဲရင် တုပ်ကွေးနဲ့ ကိုယ်တွင်းမကောင်းတဲ့ ပိုးမွှားတွေကင်းစင်စေပါတယ်။

(၆) အများသုံးလှေကားလက်ရမ်းကို ထိတွေ့ပြီးတိုင်း လက်ဆေးပါ
လူတကာထိတွေ့ထားတဲ့ လှေကားလက်ရမ်းတွေကို ထိတွေ့မှုများလေလေ နာမကျန်းဖြစ်နိုင်ခြေ မြင့်မားလေလေ ဖြစ်ပါတယ်။

(၇) အများသုံးတံခါးများကိုလက်ဖြင့် မထိတွေ့ပါနှင့်
အများသုံးတံခါးတွေကို ဖွင့်တဲ့အခါ တစ်သျှူးကာပြီး တွန်းဖွင့်ပါ။

(၈) နာမကျန်းဖြစ်သူကို လက်ဆွဲမနှုတ်ဆက်ပါနှင့်
နာမကျန်းဖြစ်သူကို ပြုံးပြပါ၊ နှုတ်ဆက်ပါ။ ဒါပေမဲ့ လက်ဆွဲနှုတ်ဆက်ပြီးရင်တော့ လက်ဆေးပါ။

(၉) နာမကျန်းဖြစ်သူကိုပွေ့ဖက်၊ နမ်းရှုပ်ခြင်းရှောင်ပါ
နာမကျန်းဖြစ်သူနဲ့ အတူနေလေလေ နာမကျန်းဖြစ်နိုင်ခြေ များလေလေဖြစ်ပါတယ်။

(၁၀) တစ်ပန်းကန်တည်း၊ တစ်ခွက်တည်း အတူမစားသောက်သင့်ပါ
ရေခဲမုန့်တွေကို လျှာနဲ့ရက်ပြီး အတူစားသောက်တာ၊ သစ်သီးဖျော်ရည်တစ်ခွက်တည်းကို အတူသောက်သုံးတာတို့ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top