Healthy Life Ad
Q & A

ဆေးစိမ်ခြင်ထောင်ကို ဘယ်လောက်ကြာကြာ သုံးနိုင်သလဲ

မေး။ ။ ဆရာတစ်ခုလောက် မေးချင်လို့ပါ။ ကလေးတွေခြင်ကိုက်မှာစိုးလို့ ဆေးစိမ်ခြင်ထောင် ဝယ်သုံးပါ တယ်။ ဆေးစိမ်ခြင်ထောင်က ဘယ်လောက်ကြာရင် အာနိသင်ပြယ်တာလဲ၊ ဘယ်လောက်ကြာရင် လျှော်လို့ရလဲ၊ ဘယ်နှစ်ခါလျှော်ပြီးရင် မသုံးသင့်တော့ဘူးလဲ၊ အဲဒီခြင်ထောင်တွေကို ဆေးစိမ်ဆေးပြားဝယ်ပြီး ပြန်သုံးလို့ရသလား။ သိချင်လို့ပါခင်ဗျ။

ကိုဝေမင်း၊ ကျောက်တံတား။

ဒေါက်တာမြတ်ထွဋ်ညွန့်မှု ဖြေကြားပေးပါသည်။

ဖြေ။ ။ဆေးစိမ်ခြင်ထောင်မှာ စိမ်တဲ့ဆေးပေါ် မူတည်ပါတယ်။ နောက်ပိုင်းထုတ်လုပ်တဲ့ အသင့်သုံးတာရှည်ခံ ဆေးစိမ်ခြင်ထောင်တွေ Long Lasting Insecticidal net မှာတော့ အကြမ်းဖျဉ်းအားဖြင့် အကြိမ် ၂၀ လျှော်ပြီးတဲ့အထိ တစ်နည်းအားဖြင့် ငါးနှစ်အထိ အာနိသင်ရှိပါတယ်။ လျှော်တဲ့ အကြိမ်နဲ့ သုံးစွဲပုံတွေကြောင်၊့ အာနိသင်ကြာကြာ ခံ/မခံ ကွာနိုင်ပါတယ်။

သာမန်ခြင်ထောင်တွေကို ဆေးစိမ်ဆေးပြားဝယ်ပြီး စိမ်လို့ရသလို အာနိသင်နည်းလာတဲ့ ဆေးစိမ်ခြင်ထောင်တွေကိုလည်း ဆေးထပ်စိမ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top