Healthy Life Ad
Q & A

မမျိုးဥအိမ်က ရေအိတ်ကို ခွဲထားရပေမယ့် ကလေးလိုချင်လို့ပါ . . .

မေး။ ။ မမျိုးဥအိမ်မှာ ရေအိတ်ရှိလို့ ဗိုက်ခွဲထားတာ ၇လ ရှိပါပြီ။ OG က သုံးလခံတားဆေး ၃လုံးထိုးပေးထားပါတယ်။ အဲဒါ ကလေးရနိုင်ပါဦးမလားဆိုတာ သိချင်လို့ပါရှင်။
အေးမာလာ(FB)

ဖြေ။ ။ မေးခွန်းအရ နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis)ဆိုတဲ့ ရောဂါဖြစ်နိုင်ပါတယ်။ အဲဒီရောဂါကြောင့် ထုတ်ထားတဲ့ သွေးအိတ် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ခွဲစိတ်ပြီးရင်လည်း အကြွင်းအကျန်ကြောင့် ထပ်မံထိခိုက်မှာစိုးလို့ လုံးဝ ပျောက်သွားအောင် Depo သုံးလခံတားဆေးထိုးပေးလေ့ ရှိပါတယ်။ အဲဒီဆေးထိုးထားတဲ့ အချိန်မှာတော့ ကလေးမရပါဘူး။ ဆေးအာနိသင်ပြယ်သွားတဲ့အခါမှာတော့ ကလေးပြန်ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက ပျောက်သွားအောင် အရင်ကုပြီး ကလေးရအောင် ပြန်ကြိုးစားတဲ့အခါ ပြန်ရတတ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ဒီဆေးကို ရပ်လိုက်ပေမယ့် ခြောက်လ-တစ်နှစ်အတွင်း ကလေးရဖို့ နည်းနည်းခက်တတ်ပါတယ်။

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top