Healthy Life Ad
Q & A

အပျိုစင်စစ်စစ် အဖြူဆင်းခြင်း . . .

မေး။ ။ ဆရာစိုးလွင်ရှင့်။ သမီးရေးတာ အမှားပါရင် သည်းခံပေးပါရှင့်။ သမီးက အပျိုစင်စစ်စစ်ပါရှင့်။ သမီးအဖြူတွေ ခဏခဏ ဆင်းရာကနေ အခုအစိမ်းရောင်တွေပါ ဆင်းနေတာ စိုးရိမ်ရလားရှင့်။ ယားတာ၊ ယံတာမျိုးတော့ မဖြစ်ဘူးရှင့်။ ရာသီလည်း ပုံမှန်ပဲရှင့်။ လိင်ကနေတစ်ဆင ့်ကူးတာလို့ပြောလို့ သမီးလန့်နေတာဆရာ။ သမီးက အခုထိဘယ်သူနဲ့မှ မပတ်သက်ဖူးပါဘူးဆရာ။
သဲနုဝါ(FB)

ဖြေ။ ။ အဖြူဆင်းတာက မျိုးစုံဖြစ်နိုင်ပါတယ်။ ရိုးရိုး အဖြူဆင်းတာလည်း ဖြစ်နိုင်သလို တစ်ခါတလေ ပိုးမွှားတွေဝင်တဲ့ အဖြူဆင်းတာလည်း ရှိပါတယ်။ ပိုးမွှားဝင်တယ်ဆိုတာကလည်း ကိုယ်ဝတ်တဲ့ အဝတ်၊ ကိုယ်သုံးတဲ့ အမျိုးသမီးသုံးပစ္စည်း မသန့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း လိင်ကတစ်ဆင့် ကူးစက်တယ်လို့လည်း ပြောလို့မရပါဘူး။ တစ်ခါတလေကျရင် တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာ၊ ရေထဲမှာ ပိုးပါလာတာ၊ အဝတ်အစားလှန်းတဲ့အခါ မသန့်တာစတဲ့ အမူအကျင့်တွေကနေလည်း ပိုးဝင်နိုင်တာပါပဲ။ သာမန်အားဖြင့် ဆင်းတဲ့ အဖြူက မယားဘူး၊ မနံဘူး၊ အဖတ်အဖတ်တွေ၊ အရောင်တွေ မပါဘူး၊ ဒါက ပုံမှန် အဖြူပဲ။ အရောင်ပါတယ်ဆိုတာက တစ်ခါတလေ ဆင်းခါစကတော့ အဖြူပဲ၊ အတွင်းခံဘောင်းဘီပေါ်ရောက်သွားပြီး ကြာသွားတဲ့အခါ အရောင်က ပြောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အဖြူဆင်းတာက အစိမ်းရောင်၊ အဝါရောင်သမ်းနေရင်၊ အဖတ်အဖတ်တွေပါနေရင် ရောဂါပိုးတွေရှိနေတာ ဖြစ်နိုင်ပါတယ်။ သာမန်အားဖြင့် ရိုးရိုးတန်းတန်းဆင်းတဲ့ အဖြူက ပြဿနာမရှိပေမယ့် အဖြူကပုံမှန်မဟုတ်ဘူးထင်ရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။ အဖြူဆင်းတိုင်း လိင်ကတစ်ဆင့် ကူးစက်တာလို့ ပြောလို့မရပါဘူး။ အပျိုစင်စစ်စစ်မှာလည်း ပိုးဝင်နိုင်ပါတယ်။

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top