Healthy Life Ad
Life Style

လုပ်ငန်းအကြီးအကဲတို့၏ ဘဝတက်လမ်း အကြံပြုချက်များ

၊ ကိုမိုး ၊

လုပ်ငန်းတွေရဲ့ အမှူဆောင်အရာရှိချုပ် (CEO) တွေက ဘဝတက်လမ်းအတွက် အရေးပါတဲ့စကားတွေကို ပြောခဲ့ကြပါတယ်။


– သင့်ကိုယ်ပိုင်အမြင်ကို တန်ဖိုးထားပါ
“သင် ဘာပဲလုပ်လုပ် သင့်ကိုယ်သင် ဈေးမချပါနဲ့။ လူတိုင်းမှာ ကမ္ဘာလောကထဲ ယူဆောင်လာနိုင်တဲ့ ထူးကဲတဲ့ အမြင်ရှိပါတယ်”
မာ့ခ်ဇူကာဘတ် (ဖေ့စ်ဘွတ်ခ်အမှူဆောင်အရာရှိချုပ်)


– သင် တတ်နိုင်သမျှကူညီပါ
“သူတစ်ပါးကို ကူညီလိုက်တာက အခွင့်အလမ်းတစ်ရပ်အနေနဲ့ အပြန်အလှန် အကျိူးသက်ရောက်မှုကို ရရှိစေပါတယ်။ မှန်ကန်တဲ့ မေးခွန်းကိုမေးပြီး သင့်တော်တဲ့ကူညီမှုပေးပါ။ တစ်ပတ်မှာ သုံးကြိမ်လောက် ကူညီနိုင်ရင်တောင် သင့်အတွက်အဆင်ပြေမှုတွေ ရရှိလာပါလိမ့်မယ်”
ဒေါက်ကလပ်စ်ကိုနန့် (Former Campbell Soup အမှူဆောင်အရာရှိချုပ်)


– ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ
“လုပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အလုပ်တွေကို အမြဲ ကြိုးစားပမ်းစားလုပ်ဆောင်ပါတယ်။ ဒီလို တွန်းတွန်း တိုက်တိုက် လုပ်ဆောင်တတ်တဲ့ အကျင့်ကြောင့် အောင်မြင်မှုရရှိလာပါတယ်”
မာရီရှာမေရာ (Yahoo အမှူဆောင်အရာရှိချုပ်)


– ကြိုးကြိုးစားစား အလုပ်လုပ်ပါ
“တချို့အရာတွေမှာ မွေးရာပါ ပါရမီထူးမရှိရင်တောင် ကြိုးစားမှုနဲ့ အောင်မြင်နိုင်ပါတယ်။ ဒါက အလုပ်ရဲ့ လျှို့ဝှက်ချက်ပါပဲ”
ဂိုင်းကာဝါစကီ (Canva အမှူဆောင်အရာရှိချုပ်)


– ဟိုခြစ်ဒီခြစ် ပန်းချီဆွဲပါ
“တစ်ခါတလေ ဟိုခြစ်ဒီခြစ် ပန်းချီဆွဲတဲ့ အလုပ်တွေ လုပ်ပေးလိုက်ပါ၊ ဒီလိုလုပ်ပြီး ရလာတဲ့ စိတ်ကူးစိတ်သန်းတွေက ကုမ္ပဏီမှာ အလုပ်တွင်ကျယ်ဖို့ ဖြစ်လာပါလိမ့်မယ်”
ဝီလျံမက်နိုက် (3M အမှူဆောင်အရာရှိချုပ်)


– ပျော်ရွှင်မှုကို ရှာဖွေပါ
“ငွေမရှာနိုင်ရင်တောင် သင်လုပ်ချင်တဲ့ တစ်စုံတစ်ရာကိုလုပ်ပြီး ပျော်ပျော်နေလိုက်ပါ”
ဝါရန်ဘူးဖေး (ဘက်ရှိုင်းယား ဟာသာဝေး အမှူဆောင်အရာရှိချုပ်)


– ဗဟုသုတရှာမှီးပါ
“စိတ်ကူးပေါ်တဲ့အခါ ဗဟုသုတနဲ့ ရည်မှန်းချက်အတိုင်း ဦးဆောင်လိုက်ပါ။ သင်က ဗဟုသုတကြွယ်ဝနေရင် ဘယ်အရာတွေက စစ်မှန်တယ်ဆိုတာမျိုး သင်ခံစားသိရှိနိုင်ပါတယ်”
ဆူဆန်ကိန်း (Queit Revolution အမှူဆောင်အရာရှိချုပ်)


– ကျရှုံးရန် မကြောက်ပါနှင့်
“ကျရှုံးမှုဆိုတာ ရွေးချယ်မှုတစ်ခုပါ။ ဘာပဲလုပ်လုပ် မကျရှုံးဘူးဆိုရင် သင့်မှာ တီထွင်ဖန်တီးနိုင်စွမ်း အလုံလောက်ရှိလာမှာ မဟုတ်ပါဘူး”
ဝင်ဒီကော့ပ် (Teach For American Founder)
(Ref; RD)

Most Popular

Healthy Life Ad
To Top