Healthy Life Ad
International

တစ်ရက် ၅ခါ မျက်လုံးနှင့်နားမှ သွေးထွက်သည့် မိန်းကလေး

၊ မိုးမင်းထွန်း ၊

အသက် ၁၇ နှစ်အရွယ် မာနီးဟာဗေးဟာ မျက်လုံးနဲ့နားတွေက သွေးထွက်တဲ့ ထူးဆန်းတဲ့ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ သူရဲ့ရောဂါဟာ ဆရာဝန်တွေကို ခေါင်းခြောက်စေခဲ့ပြီး သူဟာလည်း အိမ်တွင်းပုန်း တစ်ယောက်အဖြစ်သာ နေထိုင်ခဲ့ရပါတယ်။

"

ဟာဗေးရဲ့ရောဂါဟာ ၂၀၁၃က စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ဆေးခန်းကိုသွားပြခဲ့ပြီး ဆရာဝန်တွေက စမ်းသပ်မှု မျိုးစုံပြုလုပ်ခဲ့ပေမယ့် ရောဂါဇာစ်မြစ်ကို မတွေ့ရှိခဲ့ပါဘူး။ နောက်ထပ် ၂ နှစ်ကြာတဲ့အထိ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာကို အဖြေမရနိုင်ဘဲ သူရဲ့အစားအသောက်ပုံစံပြောင်းလဲပြီး ကြိုးစားကြည့်ဖို့သာ အကြံပေးခံခဲ့ရပါတယ်။

"

နောက်ပိုင်း အခြေအနေက ပိုဆိုးလာပြီး အခုအခါ သူရဲ့မျက်လုံး၊ နားတွေအပြင် နှာခေါင်းနဲ့ လက်သည်းကြားတွေကပါ တစ်ရက် ၅ ကြိမ်သွေးတွေထွက်လာနေတယ်လို့ သိရပါတယ်။ ဦးရေပြားနဲ့ လျှာဆီမှလည်း သွေးတွေထွက်လာတာကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။ဆရာဝန်တွေက သူကို စမ်းသပ်ချက်မျိုးစုံကို ပြုလုပ်ခဲ့ပြီး ရောဂါတွေ့ရှိခြင်းမရှိဘဲ သူရဲ့ကိုယ်ခံအား စနစ်ကျဆင်းနေတဲ့ လက္ခဏာကိုသာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

"

ဟာဗေးဟာ ယူကေနိုင်ငံမှာ ဒီလိုထူးခြားတဲ့ရောဂါရှိတဲ့ တစ်ဦးတည်းသော လူနာလည်းဖြစ်ပါတယ်။ အလားတူရောဂါမျိုးကို ကမ္ဘာမှာ ၂ခါ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ တစ်ရက် ၃ ကြိမ် သွေးမျက်ရည်ကျဖူးတယ်လို့ သိရပါတယ်။ နောက်တစ်ခုကတော့ ၂၀ဝ၈ ခုနှစ်က အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် တွန်းကဲဒဝီဝေဒီဟာ အရေပြားနဲ့ မျက်လုံးတွေကနေ သွေးတွေထွက်ကျတယ်လို့ ဆိုပါတယ်။

"

Most Popular

Healthy Life Ad
To Top