Healthy Life Ad
Life Style

အောင်မြင်ဖို့အတွက် မာ့ခ်ဇူကာဘတ်ပေးသော အကြံဉာဏ်အချို့

၊ ကိုမိုး ၊

ကောလိပ်က ထွက်ပြီး အသက် ၂၃ နှစ်အရွယ်မှာ ဖေ့စ်ဘွတ်ခ်ကို ဖန်တီးအောင်မြင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်ရဲ့အကြောင်းကို လူတိုင်း သိပြီးဖြစ်မှာပါ။ သူ့အသက်က အခုဆို ၃၁ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ မာ့ခ်ဇူကာဘတ်ကို “အောင်မြင်မှုအတွက် အရေးကြီးဆုံး လျှို့ဝှက်ချက်က ဘာဖြစ်မလဲ” ဆိုတဲ့ မေးခွန်းကို မေးမြန်ခဲ့တဲ့အခါ သူက ရိုးစင်းတဲ့ အဖြေနှစ်ခုကို ပေးခဲ့ပါတယ်။

– လက်မလျှော့နဲ့

အလုပ်တစ်ခု လုပ်နေတဲ့အခါ ဘယ်လို အခက်အခဲမျိုးကိုပဲကြုံကြုံ ပန်းတိုင်မရောက်မချင်း မစွန့်လွှတ်လိုက်ဖို့ လိုတယ်လို့ ဇူကာဘတ်က ဆိုပါတယ်။ စစချင်းမှာ မအောင်မြင်ဘူးဆိုရင်တောင် တစ်ခုခုပြောင်းလဲပြီး ထပ်ကြိုးစားကြည့်ပါ။ ဒါပေမဲ့ သင်က မကြိုးစားတော့ဘူး၊ ကြိုးစားမှုကို ရပ်လိုက်ပြီဆိုရင်တော့ အောင်မြင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် ဘာပဲလုပ်လုပ် လက်မလျှော့ဖို့ လိုအပ်ပါတယ်။

– အကူအညီတောင်းဖို့ မကြောက်နဲ့

“အကူအညီပေးဖို့ပြောတိုင်း မကူညီချင်ဘူးလို့ ပြောတဲ့သူကို ကျွန်တော်မတွေ့ခဲ့ဖူးပါဘူး” ဒါကတော့ စတိဗ်ဂျော့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်ပါ။ လူအများစုက ဖုန်းခေါ်ဖို့နေဲ့ တွ့ဆုံဖို့ စိုးရွံ့တတ်ကြပါတယ်။ လူအများစုက အကူအညီတောင်းဖို့ တွန့်ဆုတ်တတ်သလို သူတို့အိပ်မက်ကိုလည်း ကွဲကွဲပြားပြားနားလည်သိရှိမှု မရှိတတ်ကြပါဘူး။

Most Popular

Healthy Life Ad
To Top