Healthy Life Ad
International

သူနာပြုဆရာမက သစ္စာဖောက်သည့် ခင်ပွန်းလောင်းကို ဆေးထိုးသတ်

၊ မိုးမင်းထွန်း ၊

အသက် ၂၉နှစ် အရွယ် တရုတ်သူနာပြုဆရာမဝမ်လင်းဟာ သတို့သားလောင်းကိုသတ်မှုနဲ့ ရှန်ဟိုင်းတရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သူနာပြုဆရာမဟာ ၂၀၁၁တုန်းက သူရဲ့ချစ်သူနဲ့ ရှန်ဟိုင်း ဆဋ္ဌမမြောက်ပြည်သူ့ဆေးရုံမှာ စတွေ့ခဲ့ကြပါတယ်။ ချစ်သူသက်တမ်း ၃နှစ်ကြာပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလမှာ လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။ လက်ထပ်ပွဲအတွက် စီစဉ်နေရင်း သူတို့နှစ်ယောက်ဟာ တိုက်ခန်းအပြင်အဆင်ကနေ ကားရွေးချယ်မှုအထိ သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ လက်ထပ်ပွဲအတွက် သူ့ချစ်သူရဲ့မိဘပေးတဲ့ အကြံဉာဏ်တချို့ကြောင့် စကားများခဲ့ပြီး လက်ထပ်မယ့်နေ့ကို ရွှေ့ဆိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဧပြီလက ဝမ်ဟာ ခင်ပွန်းလောင်းရဲ့ဖုန်းကို ရှာဖွေကြည့်ရာမှာ တခြားမိန်းကလေးတွေနဲ့ အဆက်အသွယ်လုပ်ထားပြီး သူ့အပေါ် သစ္စာဖောက်ထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဝမ်ဟာ ခင်ပွန်းလောင်းသောက်မယ့် ရေထဲမှာ အပြား ၃၀ ကနေ ၅၀ အထိပမာဏရှိနိုင်တဲ့ အိပ်ဆေးမှုန့်ကို ထည့်ခဲ့တဲ့အတွက် သူဟာ မကြာခင်မှာ အိပ်ပျော်သွားခဲ့ပါတယ်။ အဲဒီနောက် ဝမ်က ခင် ပွန်းလောင်းရဲ့ဝမ်းဗိုက်ကို အင်ဆူလင်ဆေး ထိုးသွင်းခဲ့ပါတယ်။

ဝမ်ရဲ့ခင်ပွန်းလောင်းဟာ ဗဟိုအာရုံကြောစနစ်နဲ့ အသက်ရှူပြဿနာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဝမ်က သူ့ကိုယ်သူသတ်သေဖို့လည်း ကြိုးစားခဲ့ပေမယ့် အွန်လိုင်းကနေဝယ်ယူခဲ့တဲ့ ပိုတက်ဆီယမ်ဆိုင်ရာနိုက်ဆေးဟာ အတုဖြစ်နေတာကြောင့် အထမမြောက်ခဲ့ဘူးလို့ သိရပါတယ်။

ဝမ်က လူသတ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးမှာ ဝန်ခံခဲ့တယ်လို့လည်း သိရပါတယ်။

(Ref; SCMP)

Most Popular

Healthy Life Ad
To Top