Healthy Life Ad
Child

သမီးရဲ့လက်ဆောင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသားတစ်ယောက်က ပါကင်ထုပ်ရာမှာသုံးတဲ့ ရွှေရောင်စက္ကူ ယူဆော့တယ်ဆိုပြီး လေးနှစ် အရွယ်သမီးလေးတစ်ဦးကို ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ တကယ်တော့ သမီးလေးက ခရစ္စမတ်သစ်ပင်မှာ ချိတ်ဆွဲဖို့ ဘူးငယ်လေးတစ်ခုကို ရွှေရောင်စက္ကူနဲ့ ပတ်ဖို့ ကြိုးစားခဲ့တာပါ။

ခရစ္စမတ်နေ့ မနက်ခင်းမှာ သမီးလေးက သူ့အဖေဆီကို ရွှေရောင်စက္ကူပတ်ထားတဲ့ ဘူးလေးကို “ဖေဖေ့အတွက် ခရစ္စမတ်လက်ဆောင်” ဆိုပြီး လာပေးခဲ့ပါတယ်။

အဲဒီတော့မှ မနေ့က ရိုက်နှက်ခဲ့မိခဲ့အတွက် ဖခင်ဖြစ်သူလည်း စိတ်မကောင်းဖြစ်သွားတယ်။ သမီးပေးတဲ့ဘူးလေးကို ဖွင့်ကြည့်လိုက်တော့ စိတ်မကောင်းဖြစ်တာပျောက်ပြီး ဒေါသက ပိုထွက်သွားရော . . ဘူးက အလွတ်ကြီးလေ . .

“သမီး . . တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင် အထဲမှာ ဘာမှမပါဘဲ ပေးတာ ရိုင်းတယ်ဆိုတာ မသိဘူးလား”

သမီးလေးက ငိုပြီး မျက်ရည်တွေနဲ့ ဖခင်ကို ကြည့်နေခဲ့ပါတယ်။

“ဖေဖေ . . တကယ်တော့ ဒီဘူးက အလွတ် မဟုတ်ပါဘူး။ ဘူးထဲမှာ သမီးအနမ်းတွေ ထည့်ထားပါတယ် . . သမီး အနမ်းတွေအားလုံးက ဖေဖေ့အတွက်လေ ဖေဖေ”

သမီးစကားကြားတော့ ဖခင်ဖြစ်သူလည်း အံ့အားသင့်သွားခဲ့တယ်။ သမီးကို ဖက်ပွေ့ပြီး တောင်းပန်စကား ဆိုခဲ့ပါတယ်။

စာစုက ပေးချင်သော သင်ခန်းစာ
ဘဝမှာ ကိုယ်ချစ်တဲ့ ကလေးတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီက မျှော်လင့်မထားတဲ့ ချစ်ခြင်းမေတ္တာလက်ဆောင်တွေရတဲ့အခါ ငွေကြေးနဲ့ တန်ဖိုးမဖြတ်ဖို့ ဒီစာစုက သင်ခန်းစာပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top