Healthy Life Ad
Health Tips

သူတို့ ဆေးလိပ်ပြတ်သလို သင်လည်းလုပ်နိုင်မှာပါ . .

၊ ဇွန် ၊

သင်က ဆေးလိပ်သောက်တတ်သူလား၊ သင်တစ်ယောက်တည်း ဆေးလိပ်သောက်တာမဟုတ်ပါဘူး။ ကမ္ဘာကျော်တချို့လည်း ဆေးလိပ်သောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့သူတို့က စွဲလမ်းစေတဲ့ဆေးလိပ်ကို ပြတ်အောင်ဖြတ်နိုင်ခဲ့သူတွေပါ။ သူတို့ကိုဆေးလိပ်ပြတ်ဖို့ လှုံ့ဆော်ပေးခဲ့တဲ့အချက်တွေကို ကြည့်ရင်း သင်လည်းဆေးလိပ်ဖြတ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

– အမာခမ်း (Aamir Khan)

၂၀၁၁ ဒီဇင်ဘာမှာ သူ့သားအငယ်ဆုံး မွေးဖွားလာချိန်မှာ ဆေးလိပ်ဖြတ်ခဲ့သူဖြစ်ပါတယ်။

– ဂျနီဖာအနစ္စတန် (Jennifer Aniston)

ယောဂကျင့်ပြီး ဆေးလိပ်သောက်တဲ့အကျင့်ကို ဖြတ်နိုင်ခဲ့သူပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့အညီစားသုံးကာ ခန္ဓာကိုယ်ထဲက ကဖင်းဓာတ်နဲ့ နီကိုတင်းဓာတ်ကို ဖယ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။

– ဂျွန်စတီးဝပ် (Jon Stewart)

ဆေးလိပ်သောက်ရင်း၊ သောက်ရင်းအဲဒီအကျင့်က နေလို့ပိုကောင်းလာစေတယ်လို့ သင်ခံစားနေရင်း သူ့ကျန်းမာရေးက ပိုထိခိုက်ယိုယွင်းလာခဲ့ပါတယ်။ ဒါကြောင့် သူဖြတ်ခဲ့တာပါ။

– အိုဘားမား (Barack Obama)

အကြီးအကျယ်ကြိုးစားခဲ့ပြီးတဲ့နောက် ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။ ၂၀ဝ၉ မှာ သူကအနာဂတ်မျိုးဆက်တွေ ဆေးလိပ်သောက်တဲ့အကျင့် မလုပ်ဖြစ်အောင်ရည်ရွယ်ပြီး ဆေးလိပ်မသောက်သူတွေအတွက် ငွေပေးခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top