Healthy Life Ad
Life Style

အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင် ကျင့်သုံးခဲ့သည့် အိမ်ထောင်ရေးခိုင်မြဲစေကြောင်း နည်းလမ်းကောင်းများ

၊ သဒ္ဒါထက် ၊

အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်က သူတို့အိမ်ထောင်ရေး ခိုင်မြဲရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားဖို့ ရှက်ရွံ့တတ်သူမဟုတ်ပါဘူး။ သူနဲ့ သူ့ဇနီးဟာ ဝေးကွာနေတဲ့အချိန်တွေမှာ စာတွေ အများကြီး အပြန်အလှန်ရေးသားခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြခဲ့သလို လက်ဆောင်တွေလည်း ပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦး အိမ်ထောင်ရေးခိုင်မြဲပြီး ချစ်ခင်မြတ်နိုးခဲ့ကြတဲ့ အချက် ၁၂ ရပ်ကို ရော်နယ်ရေဂင်ကအခုလို ပြောပြခဲ့ပါတယ်။

Untitled-7jpg

(၁) ရေဂင်က သူ့ဇနီးကို အများအားဖြင့် ချစ်စနိုးနာမည်လေးတွေခေါ်လေ့ရှိပေမယ့် လူအများရှေ့မှာ ဆိုရင်တော့ First Lady (သမ္မတကတော်တွေကို ခေါ်တဲ့နာမည်) ဒါမှမဟုတ် မစ္စစ်ရေဂင်လို့ ခေါ်လေ့ရှိပါတယ်။ စာတိုလေးတွေရေးတဲ့အခါ ချစ်စနိုးနာမည်လေးတွေနဲ့ ဇနီးသည်ပြုံးပျော်အောင် စတတ်ပါတယ်။

(၂) ဝေးကွာနေတဲ့အချိန် စာရေးတဲ့အခါ ရောက်နေတဲ့နေရာက စာရွက်လေးတွေ၊ ဥပမာ ဟိုတယ်ကနေ စာရေးနေရင် ဟိုတယ်က ဗလာစာရွက်နဲ့ရေးလေ့ရှိပါတယ်။ ဒါက ကိုယ်ဘယ်ရောက်နေလဲဆိုတာသိစေသလို အမှတ်တရဖြစ်ဖို့လည်း ကောင်းတယ်မဟုတ်လား။

(၃) ရေဂင် စာရေးတိုင်း လက်ရေးနဲ့ပဲရေးပါတယ်။ ခြွင်းချက်အနေနဲ့ ကြေးနန်းစာပို့တာကလွဲလို့ပေါ့။ နှလုံးသားနဲ့ ရေးတဲ့စာဖြစ်ကြောင်း ပေါ်လွင်စေဖို့ လက်ရေးနဲ့ ရေးလေ့ရှိတာဖြစ်ပါတယ်။

Untitled-8

(၄) တချို့စာတွေထဲမှာ “ဝင်သက်ထွက်သက်တိုင်း မင်းကိုချစ်နေတယ်ဆိုတာ ယုံကြည်ပေးပါ”ဆိုတဲ့ အပြော မျိုး ထည့်ရေးလေ့ရှိပါတယ်။

(၅) ရေဂင်က စာနဲ့အတူ အခါအားလျှော်စွာ လက်ဆောင်လေးတွေထည့်ပေးတတ်ပြီး ရယ်စရာကောင်းတဲ့ စာတိုပေစလေးတွေကိုလည်း ထည့်ရေးတတ်ပါသေးတယ်။

(၆) တစ်ခါတလေ ညားခါစအချိန်က အမှတ်တရဖြစ်ဖွယ် အခိုက်အတန့်တွေ၊ ဇာတ်လမ်းလေးတွေကို ထည့်ရေးတတ်တဲ့အတွက် ကြည်နူးဖွယ်နေ့ရက်တွေကို ခံစားရရှိစေပါတယ်။

(၇) ရေဂင်က သူ့ဇနီးနန်စီကို ဘယ်ရွေ့ဘယ်မျှ ချစ်တယ်၊ တန်ဖိုးထားတယ်၊ လိုအပ်တယ်ဆိုတာအမြဲလိုလို ပြောလေ့ရှိပါတယ်။ သူ့ဇနီးအနေနဲ့ ငြီးငွေ့သွားမယ်လို့ ထင်ပါသလား။ ဒီလို ချစ်ခင်တန်ဖိ်ုးထားမှုကြောင့် နာကျင်မှုကိုတောင် မခံစားရဘဲ ပျော်ရွှင်မှုရရှိစေတယ်လို့ နန်စီကဖြေထားပါတယ်။

Untitled-9

(၈) Valentine’s Day ၊ နှစ်ပတ်လည်နေ့၊ ခရစ္စမတ်နေ့၊ မွေးနေ့၊ အမေများနေ့ စတဲ့ နေ့ထူးနေ့မြတ်တွေမှာ ရေဂင်က သူ့ဇနီးကို အမှတ်တရ အထူးစာတိုလေးတွေ ပေးလေ့ရှိပါတယ်။

(၉) ဝေးကွာနေတဲ့အချိန်မှာ အနည်းဆုံးတစ်ကြိမ်တော့ ဇနီးဆီကို စာရေးသားပေးပို့လေ့ရှိပါတယ်။ ဒီစာကို ဖတ်ပြီးတဲ့အခါ သူ့ဇနီးအနေနဲ့ သူ့အပေါ်ချစ်ခင်ဆဲဆိုတာ သိစေဖို့ပါပဲ။ တကယ်လို့ စိတ်ဆိုးနေတယ်၊ ဝမ်းနည်းနေတယ်ဆိုရင်လည်း တောင်းပန်တဲ့စကားလုံးကို ရေးသားလေ့ရှိပါတယ်။

(၁၀) ရေဂင်အနေနဲ့အလုပ်တွေများပြီး ဇနီးသည်နဲ့ အဆက်အသွယ်မရဖြစ်နေတဲ့အချိန်မှာ တစ်နေ့တာ အလုပ်ကိစ္စအသေးစိတ်ကို ရေးမှတ်ထားပြီး သူ့ဇနီးကို တစ်နည်းနည်းနဲ့ သိစေပါတယ်။ ဒီနည်းဟာ ဘယ်လောက်ပဲဝေးဝေး နှလုံးသားချင်း နီးနေတယ်ဆိုတာ သိစေနိုင်တဲ့အကောင်းဆုံး လုပ်ရပ်တစ်ခုပါပဲ။

Untitled-9

(၁၁) လက်ထပ်ခဲ့တဲ့ သက်တမ်းတွေ ကြာလာတဲ့အခါ နှစ် ၂၀ ကြာခဲ့ပေမယ့် လွန်ခဲ့တဲ့ မိနစ် ၂၀ ကလို သစ်လွင်နေဆဲပါပဲ။ နောင်နှစ်ပေါင်း ၂၀အထိ ဒီလို ဆက်လက်ချစ်ခင်သွားမယ်ဆိုတဲ့ အပြောမျိုးနဲ့ ရေဂင်က သက်သေပြခဲ့တာပါ။

(၁၂) ရိုးစင်းပေမယ့် အရေးပါတဲ့စကားလုံးကို ရေဂင်က သူ့ဇနီး နန်စီဆီစာရေးတိုင်း ထည့်ရေးလေ့ရှိပါတယ်။ အဲဒါကတော့ “မင်းကို ကိုယ်ချစ်တယ်”ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ အဲဒီစကားလုံးကို အကြိမ်များစွာ ဖော်ပြလေ့ရှိပြီး ဒါက ဇနီးသည်အတွက် အကောင်းဆုံး လက်ဆောင်လည်းဖြစ်စေပါတယ်။

Most Popular

Healthy Life Ad
To Top