Healthy Life Ad
Q & A

နံနက်မိုးလင်းတိုင်း မျက်စိရောင်ပြီး အချိန်နည်းနည်းကြာတဲ့အခါ ရောင်ရမ်းမှု ကျသွားလျှင် . .

ပါမောက္ခဦးတင်ဝင်း
(မျက်စိအထူးကုဆရာဝန်ကြီး)

Q. မနက်မိုးလင်းတိုင်း မျက်စိရောင်နေပါတယ်။ အချိန်နည်းနည်းကြာရင် မျက်စိရောင်တာ လျော့ကျသွားပါ တယ်။ အဲဒါဘာကြောင့်ပါလဲ ဆရာ။
ဦးတိုးဝင်း၊ ဒေါပုံ။

A. မနက်မိုးလင်းမျက်စိရောင်ပြီး အချိန်နည်းနည်း ကြာရင် မျက်စိရောင်တာ ကျသွားတယ်ဆိုတာ လူနာတွေ နားလည်မှု လွဲမှားတာပဲ ဖြစ်ပါလိမ့်မယ်။ ဖြစ်ဖို့များတာက မနက်ပိုင်းမှာ မျက်စိရောင်ပြီး ညနေပိုင်းမှာ ရောင်တာ ကျသွားတယ်ဆိုရင် ကျောက်ကပ်ရောဂါဝေဒနာ ( Renal Problem)ပဲ ဖြစ်ပါလိမ့် မယ်။ ဒါမှမဟုတ်ရင်လည်း မနက်ဆိုရင် မျက်ရည် ပြင် ( Tear Film)ရဲ့ Osmolarity က နည်းနည်း တက်ပါတယ်။ ဒါကြောင့် မနက်ပိုင်း မျက်စိရောင်ပြီး ညနေပိုင်း ရောင်တာကျသွားတာ ဖြစ်တတ်ပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်တာကြာနေရင် တော့ ကျောက်ကပ်ရောဂါ ရှိ၊ မရှိ သမားတော်နဲ့ စစ်ဆေးသင့်ပါတယ်။ ဒီနှစ်ချက်ကြောင့် မျက်စိရောင်ရင်တော့ မျက်စိက မနီပါဘူး။

ဟိုတစ်လောက Low CCE (Carotid Cavernous Fistula)ဆိုတဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတစ်မျိုးရှိတဲ့သူကလည်း မနက်ပိုင်း မျက်စိရောင်တယ်လို့ တွေ့ခဲ့ရတယ်။ဒါကို ကွန်ပျူတာ ဓာတ်မှန်နဲ့ ရှာဖွေမှ သိနိုင်ပါတယ်။ ဒါကြောင့် မျက်စိရောင်ရင် မျက်စိက နီတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top