Healthy Life Ad
Q & A

အကြောထုတ်ကုသထားတဲ့သွားကို ဘယ်လောက်ကြာကြာ သွားတုမစွပ်ဘဲ ထားနိုင်သလဲ

ဒေါက်တာရဲနိုင်မှ ဖြေကြားသည်။

(သွားနှင့် ခံတွင်းဘက်ဆိုင်ရာဆရာဝန်ကြီး)

မေး.ကျွန်တော့် အသက်၆၀ကျော်ပါပြီ။ ဘယ်အောက်အံဆုံးသွားရဲ့ အရှေ့ဘက် သွားတစ်ချောင်းကို အကြောထုတ် ကုသလိုက်ရပါတယ်၊ ကျွန်တော့်ကို  ကုသပေးတဲ့ သွားဆရာဝန်က အံဆုံးသွားနဲ့ တွဲလျက် ကြားကန်လို သွားနှစ်ချောင်းကို တစ်ဆက်တည်း အစွပ်နဲ့စွပ်ရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေကုန် ကြေးကျများမှာဖြစ်လို့ လတ်တလောမှာ သွားနှစ်ချောင်းကို အစွပ်နဲ့စွပ်နိုင်မှာ မဟုတ်ပါဘူး။ သွားနှစ်ချောင်းကို သွားတုပြုပြီး မစွပ်နိုင်သေးတဲ့ ကြားကာလမှာ ဘယ်လိုမျိုး ဆင်ခြင်နေထိုင်ရမလဲ၊ အချိန် ဘယ်လောက်ကြာကြာ မစွပ်ဘဲထားလို့ ရပါသလဲ သိရှိလိုပါတယ်။

ဦးသန့်ဇင်၊ ကျောက်တံတား။

ဖြေ. အကြောထုတ်ကုသလိုက်တဲ့သွားတွေက အလွန်ဆုံး ခြောက်လထက် ပိုမထားသင့်ပါဘူး။ ဘာလို့ လဲဆိုတော့ အသက်မရှိတဲ့ အပင်တစ်ပင်၊ သစ်ကိုင်းခြောက်နဲ့ တူလို့ပါ။

ပြီးတော့ သွေးလည်ပတ်မှု မရှိတာကြောင့် သွားတွေဟာ အက်ကွဲသွားနိုင်ပါတယ်၊ ဒါကြောင့် အကြောထုတ်ထားတဲ့ သွားနှစ်ချောင်းကို သွားတုပြုပြီး မစွပ်ထားနိုင်သေးခင်မှာ မာတဲ့အရာတွေကို ဝါးတာ၊ စေးကပ်သောအရာ (ဥပမာ-ပီကေ) စားတာတွေကို ရှောင်ကြဉ်သင့်ပါတယ်၊ သွားအခြေအနေက ဆိုးရွာပြီး ထူးခြားမှုရှိရင် ကျွမ်းကျင်တဲ့ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြန်ပြသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top