Healthy Life Ad
International

၁၁ နှစ်အရွယ်မိန်းကလေးက သူ့အင်္ဂါအစိတ်အပိုင်းများဖြင့် လူခြောက်ဦးအသက် ကယ်တင်ခဲ့

၊ ZKO ၊

တရုတ်နိုင်ငံက Yating ဆိုသော အသက် ၁၁ နှစ်အရွယ် မိန်းကလေးသည် သတိလစ်မေ့မျော နေရာက ၉-၁၁ ၂၀၁၅ ရက်နေ့တွင်
သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးခဲ့ပြီးနောက် Yating ၏ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် မျက်ကြည်လွှာတို့ကို လူခြောက်ဦး အသက်ကယ်တင်နိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရသည်။
Yating သည် အရပ် ၁၄၀ စင်တီမီတာရှည်ပြီး ကိုယ်အလေးချိန် ၃၀ ကီလိုဂရမ် (၆၆ပေါင်) မျှသာရှိကာ ထူးထူးခြားခြား ကြွက်သားများ အားနည်းပြီး မလှုပ်ချင်မကိုင်ချင် ဖြစ်နေသော နာတာရှည်ရောဂါ (Myasthenia Gravis) ကို ပြီးခဲ့သည့် ဇူလိုင်လက စတင်ခံစား ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ပီကင်းရှိ ဆေးရုံတစ်ခု၏ အထူးကြပ်မတ် ကုသဆောင်၌ ၅၇ ရက်ကြာ သတိလစ် မေ့မျောနေခဲ့ပြီး အထူးဆေးကုသမှု ခံယူခဲ့ရသည်။
Yating ခံစားနေရသည့် Myasthenia Gravis ဆိုသည်မှာ အနားယူခြင်း၊ စတီးရွိုက်ဆေးများ ပေးခြင်းဖြင့် သက်သာ စေနိုင်သည်။ မျက်စိပိတ်မရ ဖြစ်ခြင်း၊ အမြင်နှစ်ထပ် မြင်ခြင်း၊ အစာမျိုချရ ခက်ခြင်း၊ စကားပြောရ ခက်ခဲခြင်းတို့လည်း ဖြစ်စေသည်။
Yating ၏ ခွဲစိတ်လှူဒါန်းမှုသည် အချိန်သုံးနာရီ ကြာမြင့်ခဲ့သည်။ ခွဲစိတ်မှုမတိုင်မီ ကျန်းမာရေး ဝန်ထမ်းများက Yating အား အချိန် တစ်မိနစ်ကြာ ငြိမ်သက်၍ အလေးပြုခဲ့ကြသည်။

(Ref;Daily)

Most Popular

Healthy Life Ad
To Top