Healthy Life Ad
Q & A

အရေပြားပေါ်က အလုံးဖုလေးတွေ . .

ဒေါက်တာမြတ်စန္ဒာကျော် ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး မြောက်ဥက္ကလာပဆေးရုံကြီး။

မေး.  ကျွန်မအမေရဲ့ အရေပြားမှာ အလုံးဖုလေးတွေ ဖြစ်လို့ ဆရာဝန်ဆီသွားပြတာ Xanthoma အလုံးလို့ပြောပါတယ်။ အဲဒါက ကူးစက်တတ်ပါ သလား၊ အမေက ကျွန်မတို့ကိုကူးမှာစိုးလို့ အနား အကပ်မခံလို့ပါရှင့်။
မြင့်မြင့်ဝေ၊ သာကေတ။

ဖြေ.  ဇန်သိုးမား ( Xanthoma ) က သူများကို မကူးစက်တတ်ပါဘူး။ အဲ့ဒီအလုံးလေးတွေက အရေပြား ပေါ်မှာ အဆီလေးတွေ စုပုံလို့ဖြစ်လာတာပါ။ အဆီ အအိမ့်တွေ စားတာများပြီး သွေးထဲမှာ အဆီတွေ များလာရင် ဇန်သိုးမားအဖုလေးတွေ ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့  လက်မောင်း၊ ခြေထောက်နဲ ့တင်ပါးအရေပြားတွေ ဖြစ်ကြပါတယ်။ ဇန်သိုးမားဖြစ်ရင် သွေးစစ်ဖို့လိုသလို ဒါနဲ့ ဆက်စပ်တတ်တဲ့ ရောဂါတွေရှာရပါမယ်။ ဆီးချို၊ နှလုံးရောဂါလည်း စစ်ရတယ်။

သွေးထဲမှာ အဆီကျသွားတာနဲ့ အဖုလေးတွေ သက်သာသွားမှာပါ။ တကယ်လို့ သိပ်ဆိုးရင်တော့ ခွဲထုတ်ရပါလိမ့်မယ်။
ဇန်သိုးမားမဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ ့နေထိုင်စားသောက်မှု ပုံစံက အရေးကြီးပါတယ်။  အသီးအရွက်နဲ့ ငါးများများ စားရပါမယ်။ အဆီ၊ အသား၊ ထောပတ်၊ နို့နဲ့ အချိုဓာတ်တွေ လျော့စားရမယ်။ ကိတ်မုန့်ကိုလည်း လျှော့စားရမယ်။ အချိုရည်တွေ လျော့သောက်ရမယ်၊ လေ့ကျင့်ခန်းမှန်မှန် လုပ်ရပါမယ်  အဆီများတာကို စောစောသိရင် ကုသနိုင်တဲ့ ဆေးတွေရှိတာကြောင့် သေချာစစ်ဆေးပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top