Healthy Life Ad
International

ညာဘက်လက်ကို သူ့ဘာသာ ဖြတ်တောက်ခဲ့သူ

၁၉၇၅ ခုနှစ်မှာ မွေး ဖွားခဲ့တဲ့ အေရွန်လီရက်စတန်ဟာ အိုဟိုင်းအိုး ပြည်နယ်မှာ စိတ်ဓာတ် မြှင့်တင်ရေး အပြောအဟောသမား၊ တောင်တက်သမားနဲ့ အင်ဂျီနီယာတစ်ဦးဖြစ်ခဲ့ပါတယ်။ အေရွန်ဟာ အင်ဂျီနီယာအလုပ်ကို စွန့်လွှတ်ပြီး ကော်လိုရာဒိုရှိ တောင်တန်းတွေကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခါ ပေ တစ်သောင်း လေးထောင်ကျော်မြင့်တဲ့ တောင်တန်းပေါ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ အေရွန်ဟာ တစ်ဦးတည်း ဘလူးဂျွန်ချောက်ကမ်းပါးပေါ် တက်ခဲ့ပါတယ်။

အဲဒီအခါ မတ်စောက်တဲ့ ချောက်ကမ်းပါးမှာ ကျောက်တုံးတစ်ခုကို လှမ်းဆွဲချိန်မှာ ကျောက်တုံးကပဲ့ကျပြီး ညာဘက်လက်ဖျံပေါ်ပိကျ သွားခဲ့ပါတယ်။
ကျောက်တုံးကြီးကိုခွဲဖို့ ဒါမှမဟုတ် တွန်းပစ်ဖို့ ငါးရက်လောက် ကြိုး ပမ်းခဲ့ပေမယ် မအောင်မြင်ခဲ့တဲ့အပြင် အေရွန်ဟာ ရေဓာတ်ခမ်းခြောက်တဲ့ ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရသလို ကတုန်ကယင် ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့လက်ဖျံကလည်း သွေးမလျှောက်တော့ဘဲ ပုပ်သွားပြီ ဖြစ်တဲ့အတွက် ဖြတ်ပစ်ဖို့ စီစဉ်ခဲ့ရပါတော့တယ်။

အေရွန်ဟာ ဓားသွားထက်ထက်ကိုသုံးပြီး တစ်သျှူးပျော့ကို ဖြတ်ကာ အရွတ်တွေ ပြတ်တောက်သွားအောင် ဖြတ်တောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ လွတ်မြောက်သွားတဲ့ အေရွန်ဟာ ရှစ်မိုင်အဝေးကိုသွားနိုင်ခဲ့ပြီး တခြား တောင်တက်သမားတွေနဲ့ တွေ့ခဲ့ပါတော့တယ်။ အဲဒီအခါ အစာနဲ့ ရေတွေပေးခဲ့သလို သူ့ကိုစိန့်မေရီဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အေရွန်ရဲ့ လက်မောင်းကို နယ်မြေတာဝန်ခံတွေက တွေ့ရှိခဲ့ပြီးမီးရှို့ပစ်ခဲ့ပါတယ်။နောက်ပိုင်း မှာတော့ အေရွန်ဟာ လက်မောင်းအတုအကူအညီနဲ့ ပျော်ပျော်ရွှင်ရွှင် တောင်တက်နေဆဲဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top