Healthy Life Ad
International

မင်္ဂလာဓာတ်ပုံရိုက်ကူးနေစဉ် ရေနစ်သူတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းသူ သူနာပြုအား အလှဆုံး သတို့သမီးဟု တင်စား

ကမ်းခြေအနီးမှာ မင်္ဂလာပွဲအတွက် ဓာတ်ပုံရိုက်ကူးနေတဲ့ သူနာပြုဆရာမလေး Guo ဟာ ရေကူးရင်း ရုတ်တ ရက် နှလုံးရောဂါထ(Heart Attack) သွားခဲ့ရာက ရေနစ်သွားခဲ့တဲ့ အမျိုးသားတစ်ဦးဆီ အကူအညီပေးဖို့ ပြေး သွားခဲ့ပါတယ်။

အမျိုးသားကို ကမ်းစပ်ဆီသို့ ခေါ်ယူနိုင်ခဲ့တဲ့အခါမှာ သူဟာ အသက်မရှူတော့ပါဘူး။ ဒါနဲ့ Guoဟာ အဲဒီအမျိုး သားဖြစ်သူကို မိနစ် ၂၀ ကျော် အချိန်ပေးပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ တရုတ်ပြည် အရှေ့မြောက်ခရိင်က ဆေးရုံတစ်ခုရဲ့ နှလုံးရောဂါဌာနမှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့ Guo ဟာ အတတ်နိုင်ဆုံး ကြိုးပမ်းပြီး အသက် ကယ်တင်ပေးခဲ့ပေမယ့် အဲဒီအမျိုးသားဟာ တဖြည်း ဖြည်းနဲ့ သေဆုံးသွားခဲ့ပါတယ်။

“Guo ဟာ အဲဒီလူ ရုတ်တရက် နှလုံးရောဂါထသွားတယ်လို့ သိလိုက်တဲ့အချိန်မှာ ကျွန်တော့်ထက်တောင် မြန်မြန် ပြေးသွားခဲ့ပါတယ်”လို့ Guo ရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူနေတဲ့ သတို့သားဖြစ်သူ Liuက ဆိုပါတယ်။

Guo ရဲ့ လုပ်ရပ်ဟာ တဖြည်းဖြည်း ပျံ့နှံ့သွားရာက အနီးအနားက မြို့သူ မြို့ သားတွေဟာ Guoကို “အလှဆုံး သတို့သမီးလေး”လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

bride2

Most Popular

Healthy Life Ad
To Top