—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ၊—–
Q. G6PD ကလေးအတွက် ဘာတွေရှောင်ဖို့ လိုပါသလဲ။
A. G6PD က အရမ်းကြီး ကြောက်စရာမလိုပါဘူး။ အဓိကကတော့ တောင်ကြီးပဲ၊ ပဲကြီးတို့လို အစားအသောက်တွေနဲ့ပဲ မတည့်တာပါ။ ကျန်တဲ့ ကုလားပဲ၊ ပဲနီလေးတို့နဲ့ တည့်ပါတယ်။ နောက်တစ်ခုက ပရုတ်လုံးနဲ့ မတည့်တာပါ။ G6PD မှာ အဓိကကြောက်ရတာက ဆေးတချို ့ပါ။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ ဆရာဝန်ကို ကလေးက G6PD Deficiency ဆိုပြီး ပြောပြဖို့လိုပါတယ်။