၊ လရိပ်မေ ၊
ပိုပြီး ကျန်းမာလှပတဲ့ အသားရေကို ပိုင်ဆိုင်လိုသလား။ ကျန်းမာတဲ့ အသားအရေက သင်ရဲ့အထွေထွေကျန်းမာရေး ကောင်းမွန်တာကို ဖော်ပြနေပါတယ်။
(၁) နေ့တိုင်း မျက်နှာသစ်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။
(၂) အနည်းဆုံး နေကာနိုင်စွမ်း SPF ၁၅ဆပါတဲ့ နေကာခရင်မ်ကို လိမ်းပါ။ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိတဲ့ လည်ပင်း၊ နားရွက်၊ ခြေထောက်နဲ့ လက်တွေအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို နေကာခရင်မ်လိမ်းပေးသင့်ပါတယ်။
(၃) ဝက်ခြံ၊ အသားအရေ ခြောက်သွေ့လွန်းတာ၊ နီမြန်းတာနဲ့ မှဲ့တွေ ပြောင်းလဲတာတွေဖြစ်ပေါ်ရင် အရေပြားအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်။
(၄) ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေမဖြစ်စေဖို့ နှုတ်ခမ်းဆိုးဆေးအဆီဆိုးပါ။
(၅) အနည်းဆုံး တစ်နှစ်တစ်ကြိမ်၊ နှစ်ကြိမ် မျက်နှာပေါ်က အဆိပ်တွေကိုထုတ်တာနဲ့ ကြေးချွတ်သန့်စင်တာတွေလုပ်ပေးပါ။ လက်သည်း၊ ခြေသည်းတွေကိုပါ သန့်စင်ပေးသင့်ပါတယ်။
(၆) ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်သောက်တာကြောင့် အသားအရေကိုထိခိုက်စေနိုင်တဲ့အပြင် နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်း ထင်လွယ်စေပါတယ်။
(၇) အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာပါဝင်တဲ့ အစားအစာတွေကို စားပြီး ရေများများသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာဟာ သင့်ကိုစွမ်းအင်ရှိစေသလို အသားအရေကို ပိုမိုကျန်းမာစေပါလိမ့်မယ်။
(၈) လက်လိမ်းလိုးရှင်းကို အမြဲဆောင်ထားပြီး လက်ဆေးပြီးတိုင်း လိမ်းပေးပါ။ လက်အရေပြား တင်းရင်းနေတယ်ထင်ရင်လည်း လိမ်းပေးသင့်ပါတယ်။
(၉) တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လေ့ကျင့်ခန်းလုပ်ပါ။ ချွေးထွက်တာနဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းထွက်ရှိတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)