Healthy Life Ad
Life Style

အွန်လိုင်းဖြင့် သင်ယူလေ့လာမှုများ ပြုလုပ်ရာမှာ . . .

၊ ကိုမိုး ၊

ဒီနေ့ခေတ်မှာ အွန်လိုင်းနဲ့ သင်ယူလေ့လာမှုတွေ ပြုလုပ်လာကြပါပြီ။ သွားလာရတဲ့ အချိန်သက်သာပြီး ကိုယ့်အိမ်မှာနေရင်း သင်ယူလေ့လာမှုတွေ ပြုလုပ်နိုင်တာကြောင့် ထိရောက်တဲ့အွန်လိုင်းနဲ့ လေ့လာမှုဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်တယ် ဆိုတာလေးတွေကို မျှဝေလိုက်ပါတယ်။

(၁) အချိန်ဇယားက ဘုရင်

သင်ယူလေ့လာမှုမစခင်မှာ အချိန်ဇယားကို သေချာစနစ်တကျ ရေးဆွဲထားပါ။ ဘယ်အချိန်မှာ အပြီးလေ့လာမယ်ဆိုတာကို သူ့နေ့စွဲနဲ့သူ ရေးမှတ်ထားပြီး အဲဒီအတိုင်းပြီးစီးအောင် လုပ်ဆောင်ပါ။

(၂) အခြားသူများနှင့် ဆက်သွယ်ပါ

အွန်လိုင်းမှာ ဘာသာရပ်အလိုက် ဆရာတွေ၊ တခြားကျောင်းသား/ကျောင်းသူတွေနဲ့ ဆက်သွယ်ပါ။ အထူးသဖြင့် သင်သိလိုတဲ့ မေးခွန်းနဲ့လေ့လာနေတဲ့ အပိုင်းအတွက် လမ်းညွှန်ပေးနိုင်မယ့်သူတွေ ဖြစ်ဖို့လိုပါတယ်။

(၃) နည်းပညာကို စောစီးစွာအဖြေရှာပါ

အွန်လိုင်းကနေ သင်ယူလေ့လာမှုမစတင်ခင် အရေးကြီးဆုံးက နည်းပညာကိုလေ့လာထားပါ။ ပီစီကွန်ပျုတာကို ဘယ်လိုသုံးမလဲ၊ အင်တာနက်နဲ့ ဘယ်လိုချိတ်ဆက်မလဲ၊ အွန်လိုင်းနည်းပညာအားလုံးနဲ့ ဘယ်လိုထိစပ်မလဲဆိုတာတွေကို လေ့လာထားရပါမယ်။

(၄) သင်ယူလေ့လာရန် ငြိမ်သက်အေးမြသောနေရာရွေးပါ

အွန်လိုင်းကနေ အိမ်မှာသင်ယူလေ့လာမယ်ဆိုရင် အနှောင့်အယှက်၊ အဟန့်အတားကင်းတဲ့ နေရာကိုရွေးချယ်ပါ။ သက်သောင့်သက်သာရှိတဲ့ စားပွဲ၊ ထိုင်ခုံ၊ လုံလောက်တဲ့ အလင်းရောင်၊ အေးမြတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top