မေး. အစားအသောက်အညွှန်းတွေမှာ GI၊ GL ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ အဲဒါ ဘာတွေကို ဆိုလိုပါသလဲ။
နှင်းဝေ၊ မြောင်းမြ။
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. GI ရဲ့အရှည်က Glycemic Index ပါ။ ခန္ဓာကိုယ်က အစားအသောက်တွေ စားလိုက်တဲ့အခါမှာ သွေးထဲမှာ ဂလူးကို့စ်ပမာဏ ဘယ်လောက်ရသလဲဆိုတာကို တွေ့ရတယ်။ ဥပမာ Low GI လို့ ပြောလိုက်ရင် ဆီးချိုရောဂါသည်တွေအတွက် အများကြီးစားသောက်နိုင်တဲ့ အစားအသောက်ဖြစ်ပါတယ်။ GI မြင့်တဲ့ အစာတွေကတော့ ထမင်း၊ ကောက်ညင်း၊ ဆီထမင်း စတာတွေဖြစ်ပါတယ်။ GI အလယ်အလတ်အစာတွေက ဖရဲသီး၊ နာနတ်သီးတို့ဖြစ်ပြီး GI နည်းတဲ့ အစာတွေက နို့၊ သင်္ဘောသီး စတာတွေ ဖြစ်ပါတယ်။
GL (Glycemic Load) ဆိုတာကတော့ ကိုယ်ဘယ်လောက်စားသလဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ GI ကများတယ်၊ ဥပမာ ဖရဲသီးလိုမျိုး . . ဒါပေမဲ့ ဖရဲသီးကို တစ်စိတ်ပဲစားမယ်ဆိုရင် GL က သိပ်မများတော့ဘူး။ ဘယ်လောက်အစာ စားသလဲဆိုတဲ့ပေါ်မူတည်ပြီး GL က ကွဲပြားသွားပါတယ်။ GI ကလည်း နည်းတယ်၊ GL ကလည်း နည်းတယ်ဆိုရင် အဲဒီအစာကို စားလို့ရပါပြီ။ အဓိကအားဖြင့်တော့ GI ကိုပဲကြည့်ပြီး နည်းတာကို ရွေးချယ်စားသင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)