၊ မိုးမင်းထွန်း ၊
တရုတ်အရှေ့ပိုင်းမှ အသက် ၈နှစ်အရွယ် ကောင်ရင်ဖန်းရဲ့ဖခင်ဟာ ရိုးတွင်းခြင်ဆီ အစား ထိုးမှုမပြုလုပ်နိုင်ခဲ့ရင် နောက်ထပ်ခြောက်လသာ အသက်ရှင်နိုင်တော့မှာပါ။ ဇန်နဝါရီလက ရောဂါ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လှူဒါန်းမယ့် အလှူရှင် ရှာဖွေနေခဲ့တာ မတွေ့ရှိခဲ့ပါဘူး။
ဖန်းက သူ့အဖေရဲ့အသက်ကို ကယ်တင်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကလေးဟာ လုံလောက်တဲ့ သွေး ပမာဏရရှိဖို့အနိမ့်ဆုံးလိုအပ်ချက်ဖြစ်တဲ့ ပေါင် ၁၀ဝ ပြည့်ဖို့ ကိုယ်အလေးချိန်တက်အောင် ကြိုးစားခဲ့ပါတယ်။ ညနေတိုင်း တစ်နာရီကြာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဇွန်လက ကလေးငယ်ဟာ လှူဒါန်းဖို့ အဆင်သင့်ဖြစ်ခဲ့ပြီး ဇူလိုင်လအစောပိုင်းမှာ ခွဲစိတ်အစားထိုးမှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ဖခင်ဟာ ကျန်းမာလာနေပြီဖြစ်ကာ ဖန်းက ကိုယ်တိုင်ချက်ပြုတ်ပြီး ဖခင်ကို ပြုစုနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံစည်းမျဉ်းတွေအရ ရိုးတွင်းခြင်ဆီ လှူဒါန်းလိုသူတွေဟာ အသက် ၁၈နဲ့ ၄၅နှစ်ကြားမှာ ရှိရမှာဖြစ်ပေမယ့် ဆွေမျိုးအသက် ကယ်တင်ဖို့ ငယ် ရွယ်သူတွေ လှူဒါန်းနိုင်တဲ့ ခြွင်းချက်လည်းရှိတယ်လို့ သိရပါတယ်။
(Ref; SCMP)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)