လှပတဲ့ မျက်နှာပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်ပါ။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ အိုမင်းမှုဖြစ်စဉ်နဲ့ ဘဝနေ ထိုင်စားသောက်ပုံ အလေ့အထတွေကြောင့် အသားအရေက စတင်အိုမင်းလာပါတယ်။ အိုမင်းတဲ့ လက္ခဏာကို မျက်လုံးတစ်ဝိုက်မှာ စတင်တွေ့ရပါတယ်။ အဲဒါတွေက မျက်ဝန်းတစ်ဝိုက် အရေးကြောင်းထင်တာနဲ့ မျက်အိတ်တွဲကျတာတွေပါပဲ။
မျက်အိတ်တွဲကျတာက-
– ပုံမှန်ဆဲလ်အိုမင်းခြင်း၊
– မျိုးရိုးလိုက်ခြင်း၊
– ဆီးချိုရောဂါရှိခြင်း၊
– လေဖြတ်ခြင်း၊
– ဦးနှောက်အကျိတ်ဖြစ်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်ဝန်းကြွက်သား အိုမင်းတဲ့အခါ မျက်အိတ်တွဲကျပြီး မိတ်ကပ်လိမ်းရတာ ခက်ခဲလာတတ်ပါတယ်။
မျက်အိတ်တွဲကျတဲ့အခါ လိုအပ်တဲ့ပစ္စည်းက ကြက်ဥအကာပဲ ဖြစ်ပါတယ်။ ကြက်ဥအကာက အသားအရေတင်းရင်းစေတဲ့ အလွန်ထိရောက်မှုရှိတဲ့ ပစ္စည်းဖြစ်ပါတယ်။
မျက်အိတ်တွဲကျခြင်းအတွက် ပါဝင်ပစ္စည်း
– ကြက်ဥအကာ တစ်လုံး
– ဝါဂွမ်းစ တစ်ခု
ပြုလုပ်ရန်
– မျက်ခွံကို ကြက်သီးနွေးရေသုံးပြီး သန့် စင်ပါ။ မိတ်ကပ်တွေအားလုံးကို ဖယ်ရှားပေးပါ။
– ကြက်ဥတစ်လုံးထဲက အနှစ်နဲ့ အကာကို သပ်သပ်စီခွဲထုတ်ပါ။
– ကြက်ဥအကာကို ခပ်ပျစ်ပျစ်အနှစ်ရတဲ့အထိမွှေပါ။
– ကြက်ဥအကာအနှစ်ကို နားကြပ်တံနဲ့ တို့ယူပြီး မျက်အိတ်ပေါ်တင်ပေးပါ။
– ကြက်ဥအကာ ခြောက်သွေ့တဲ့အထိထားပေးပါ။
ဒီနည်းလမ်းကို နှစ်ကြိမ်လောက်လုပ်ပြီး ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။ နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးရင် မျက်အိတ်တွဲကျတာကို လျော့ပါးစေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)