အပြင်က ပြန်လာသော မိန်းမကို ယောကျာ်းဖြစ်သူက မေးသည်။
“ဘယ်ကပြန်လာတာလဲ မိန်းမ”
“အလှပြင်ဆိုင်က”
“အော်. . . ဒါကြောင့် ငါ့မိန်းမ မျက်နှာက ဖြူဝင်းပြီး ပိုကြည့်ကောင်းနေပါလားလို့တွေးနေတာ”
“ရှင်ဘာမဟုတ်တာလုပ်ထားပြန်ပြီလဲ . . . ဆိုင်ပိတ်နေလို့ ဘာမှမလုပ်ခဲ့ရဘူးရှင့်”
“ အော် ဟုတ်လား . . . ဟီးဟီး”