သင့်အရေပြားမှာ ပြတ်ရှရာတစ်ခုခုဖြစ်ခဲ့ပြီး ပိုးသတ်ဆေးရည် (Anti- septic) အဆင်သင့်မရှိရင် အညိုရောင်သကြားကိုသုံးပြီး အနာကျက်အောင် လုပ်ဆောင်လိုက်ပါ။ “အညိုရောင်သကြားက ရောင်ရမ်းမှုကို လျော့ကျစေပြီး ပိုးသတ်စေနိုင်တဲ့ အစွမ်းရှိတာကြောင့် ကူးစက်ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်”လို့ The Eco Chick Guide to Life...
—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—– သတင်းစာထဲမှာ စိတ်ဝင်စားစရာသတင်းကို ဖတ်ရရင် စာရေးသူရဲ ့မိတ်ဆွေကိုတာက စာရေးသူနဲ့ တွေ့ဆုံမေးမြန်းလေ့ရှိပါတယ်။ “လွန်ခဲ့တဲ့ တစ်လလောက်က တရုတ်ပြည်မှာ ကုသမှုအသစ် စမ်းသပ်တီထွင်တယ်ဆိုတာ ခင်ဗျား ဖတ်လိုက်ရသလား” “ဘာသတင်းလဲဗျ”...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— မျက်လုံးဖောင်းအစ်နေသလား၊ မျက်ဝန်းက နွမ်းနယ်နေပုံပေါက်သလား မျက်လုံးဖောင်းအစ်နေရင် ဒါမှမဟုတ် မျက်လုံးက နွမ်းနယ်နေပုံပေါက်နေရင် အာလူး ဒါမှမဟုတ် သခွားသီးကို အစိမ်းလိုက်ကြိတ်ချေပြီး မျက်ဝန်းတွေပေါ် အုပ်ပေးပါ။ မျက်ခွံတွေကို ပိတ်ထားပြီး အပေါ်ကနေ မိနစ်အနည်းငယ်ကြာ အုပ်ပေးထားပါ။...
———၊ လရိပ်မေ ၊——— တချို့ဝေဒနာ အသေးအဖွဲလေးတွေက မကြီးကျယ်ဘူးဆိုပေမယ့် ခံစားရတဲ့အခါ မသက်မသာ ဖြစ်ရတာပါပဲ။ ဆေးရုံ၊ ဆေးခန်း ပြေးရလောက်အောင် မဟုတ်ဘူးဆိုပေမယ့် ဒီဝေဒနာတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ အမြန်ဆုံးသက်သာရာရအောင် အောက်ပါ အနှိပ်ကုထုံးလေးတွေ သုံးကြည့်စေချင်ပါတယ်။ ခေါင်းကိုက်နေပါသလား ပုံမှာပြထားတဲ့ အမှတ်နေရာကို...
———၊ စူး(ဆေးဝါးတက္ကသိုလ်) ၊——— ဒေါက်မြင့်ဖိနပ်စီးတာက အံဝင်ခွင်ကျ မဖြစ်ရင် ဒါမှမဟုတ် အချိန်ကြာကြာစီးမိရင် ခြေဖနောင့်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခြေဖနောင့်နာကျင်တဲ့ဝေဒနာ သက်သာစေဖို့ အိမ်တွင်းသဘာဝကုထုံးတွေကို လိုက်နာသင့်ပါတယ်။ သဘာဝဆေး(၁) ရေနွေး ရေဇလုံကြီးတစ်ခုထဲမှာ ရေနွေးထည့်ပြီး ခြေထောက်တွေကို မိနစ် ၂၀...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— လက်သည်းတွေက ရေထိဖန်များတာ၊ ခြောက်လွန်းတာ၊ လက်သည်းဖျက်ဆေး အလွန်အမင်း သုံးတာတွေကြောင့် ကျိုးပဲ့ထိခိုက် လွယ်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းခြေသည်း ကျန်းမာသန်စွမ်းစေဖို့အတွက် သဘာဝအိမ်တွင်းကုထုံးတွေနဲ့ ထိန်းသိမ်းကြရအောင်။ (၁) သခွားသီးသုံးပါ လက်သည်းတွေ မကြာခဏ ကြွပ်ဆတ်နေတယ်ဆိုရင်...
—–၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—– Q. အားကစားလုပ်တဲ့အခါ ဘယ်လိုထိခိုက်ဒဏ်ရာတွေ ဖြစ်တတ်ပါသလဲ ဆရာ။ A. အားကစားလုပ်တဲ့အခါ အများအားဖြင့် ဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာတွေကတော့- (၁) ဖိနပ်၊ အားကစားပစ္စည်းတွေ ပွတ်တိုက်မိတာကြောင့် အရည်ကြည်ဖု(Blister)တွေ ရတတ်ပါတယ်။...
——-၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——- ယားယံပြီး နီမြန်းနေတဲ့ အင်ပြင်အဖုတွေကို အောက်ပါအိမ်တွင်းကုထုံးတွေသုံးပြီး ကုသနိုင်ပါတယ်။ (၁) အအေးဝတ်ကပ်ခြင်း အင်ပြင်ကြောင့် ယားယံနီမြန်းမှုဖြစ်တဲ့အခါ ဝေဒနာသက်သာစေဖို့ ရေအေးဝတ်ကပ်တာ ဒါမှမဟုတ် ရေအေးနဲ့ ရေချိုးတာတို့ကို လုပ်ဆောင်ပါ။ အအေးဓာတ်ဟာ သွေးကြောတွေကို ကျုံ့စေပြီး...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) သြစတြေးလျနိုင်ငံ၊ တက်စမေးနီးယားပြည်နယ်၊ ဟိုဘတ်မြို့တော်မှာ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါတယ်။ ဇွန်-ဇူလိုင်လ ဆောင်းရာသီအချိန်မှာ နေ့တာတိုပြီး ညတာက ရှည်လွန်းတယ်။ နံနက် ၈ နာရီလောက်မှ နေထွက်ပြီး ညနေ ၄ နာရီဆိုရင် မှောင်စပြုပြီ။...
ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) Q. Paralysis ဖြစ်လာရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။ A. ကြွက်သားမသန်စွမ်းမှုတွေ ဖြစ်လာနိုင်တဲ့ အကြောင်းတွေကတော့ အရင်တစ်ပတ်ကပြောခဲ့သလိုပဲ အကြောင်းတွေက အများကြီးရှိပါတယ်။ ဒီတော့ ဖြစ်ရတဲ့အကြောင်းရင်းကို သိရမှပဲ ဖြစ်ရတဲ့အကြောင်းအရာပေါ် မူတည်ပြီး သင့်တော်တဲ့ကုသမှု ပေးရပါတယ်။...