Healthy Life Ad
Health Tips

အင်ပြင်ကုသနည်း ငါးမျိုး

——-၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——-

ယားယံပြီး နီမြန်းနေတဲ့ အင်ပြင်အဖုတွေကို အောက်ပါအိမ်တွင်းကုထုံးတွေသုံးပြီး ကုသနိုင်ပါတယ်။

(၁) အအေးဝတ်ကပ်ခြင်း

အင်ပြင်ကြောင့် ယားယံနီမြန်းမှုဖြစ်တဲ့အခါ ဝေဒနာသက်သာစေဖို့ ရေအေးဝတ်ကပ်တာ ဒါမှမဟုတ် ရေအေးနဲ့ ရေချိုးတာတို့ကို လုပ်ဆောင်ပါ။ အအေးဓာတ်ဟာ သွေးကြောတွေကို ကျုံ့စေပြီး နောက်ထပ်ဟစ္စတာမင်း ထွက်ရှိမှုကို ပိတ်ပင်တားဆီးပေးပါတယ်။ အင်ပြင်ကြောင့် ယားယံမှုသက်သာစေဖို့ ဂျုံမှုန့်အကြမ်းကို ချိုးရေထဲထည့်ပြီး ၁၀-၁၅ မိနစ်ကြာ စိမ်ပေးပါ။

(၂) ကယ်လမင်းလိုးရှင်းသုံးခြင်း

အင်ပြင်ထွက်တဲ့ အရေပြားပေါ်မှာ ကလမင်းလိုးရှင်း သုတ်လိမ်းပေးပါ။ အရေပြားကိုကျုံ့စေတဲ့ အာနိသင်ရှိတာကြောင့် သွေးကြောတွေကို ကျုံ့စေနိုင်ပြီး ဟစ္စတာမင်းအများအပြား မထွက်ရှိစေပါဘူး။

(၃) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်ကို ရေနည်းနည်းနဲ့ရောပြီး စေးပျစ်အောင်မွှေပါ။ အင်ပြင်ပေါ်မှာ အဲဒီအရည်ကို သုတ်လိမ်းပေးရင် အရေပြားစပ်ဖျဉ်းဖျဉ်းမဖြစ်အောင်နဲ့ ယားယံမှုဝေဒနာသက်သာအောင် ကူညီနိုင်ပါတယ်။

(၄) အညိုရောင်သကြား

အညိုရောင်သကြားခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ချင်း(ဂျင်း) ထမင်းစားဇွန်းတစ်ဇွန်းကို ရှလကာရည်ခွက်ရဲ့ လေးပုံသုံးပုံနဲ့ ရောမွှေပြီး မိနစ်အနည်းငယ်ကြာ အပူပေးပါ။ ရလာတဲ့အရည်ကို အအေးခံပြီး တစ်နေ့အကြိမ်များများ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top