Healthy Life Ad
Health Tips

သင့်ကို စိတ်ညစ်စေသော အသေးစားပြဿနာများအတွက် အိမ်တွင်းကုထုံး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မျက်လုံးဖောင်းအစ်နေသလား၊ မျက်ဝန်းက နွမ်းနယ်နေပုံပေါက်သလား

မျက်လုံးဖောင်းအစ်နေရင် ဒါမှမဟုတ် မျက်လုံးက နွမ်းနယ်နေပုံပေါက်နေရင် အာလူး ဒါမှမဟုတ် သခွားသီးကို အစိမ်းလိုက်ကြိတ်ချေပြီး မျက်ဝန်းတွေပေါ် အုပ်ပေးပါ။ မျက်ခွံတွေကို ပိတ်ထားပြီး အပေါ်ကနေ မိနစ်အနည်းငယ်ကြာ အုပ်ပေးထားပါ။

မျက်နှာအသားအရေ ကြမ်းတမ်းနေသလား

အသားအရေ လှပချောမွေ့ရေးအတွက် ထောပတ်သီးတစ်လုံးရဲ့ တစ်ဝက်ကို စားပြီး တစ်ဝက်ကို သံပရာရည်နဲ့ ရောမွှေကာ မျက်နှာပြင်အနှံ့ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ကြာမှ ရေနဲ့ဆေးကြော သန့်စင်ပေးသင့်ပါတယ်။

အရေပြားယားယံနေသလား

အရေပြားယားယံနေရင် ဂျုံမှုန့်အကြမ်း လက်နှစ်ဆုပ်စာကို သင်ချိုးမယ့်ရေထဲထည့်ပါ။ ဂျုံမှုန့်တွေက နှင်းခူ၊ အရေပြားရောင်ရမ်းမှုနဲ့ နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှုတွေကို ကုသနိုင်ဖို့အတွက် ကောင်းမွန်ပါတယ်။

လက်နဲ့ ခြေထောက်တွေ ကြမ်းတမ်းနေသလား

လက်နဲ့ ခြေထောက်တွေ နူးညံ့သွားအောင် ဗာဒံစေ့ဆီ အနည်းငယ်လိမ်းပြီး နေ့စဉ် နှိပ်နယ်ပေးပါ။ ပိုမိုထိရောက်တဲ့ အကျိုးအာနိသင်ရအောင် ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပေးပါ။ အိပ်ရာဝင်ချိန်မှာ လက်နဲ့ခြေထောက်ကို လိုးရှင်းလိမ်းပေးပါ။

အဆစ်တွေ ရောင်ရမ်းနာကျင်နေသလား

အဆစ်ရောင်ရမ်းနာကျင်မှု သက်သာအောင် လတ်ဆတ်တဲ့ ငါးဟင်းစားပေးပါ။ ဒါမှမဟုတ် အိုမီဂါ ၃ ငါးကြေးဆီကို စားပေးပါ။

ခံတွင်းအနံ့ဆိုး ထွက်နေသလား

ခံတွင်းအနံ့ဆိုးထွက်တာ ကင်းစေဖို့ ရေတစ်ခွက်ထဲကို သစ်ကြံပိုးခေါက် အနည်းငယ်ထည့်ပြီးပြုတ်ပါ။ အအေးခံပြီး ရေချိုးခန်းထဲမှာထားကာ နေ့စဉ် ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုပါ။

စိတ်ဓာတ်ကျနေသလား

သင် ဒါမှမဟုတ် သင့်မိသားစုဝင်တစ်ဦး စိတ်ဓာတ်ကျနေရင် နေ့စဉ်ချက်ပြီးသား ဟင်းနုနယ်ရွက်ခွက်ရဲ့ လေးပုံသုံးပုံကို စားပေးပါ။ ဗီတာမင်ဘီဓာတ်ကို ရရှိတာကြောင့် စိတ်သက်သာရာ ရစေပါတယ်။

ပင်ပန်းပြီး အိပ်မပျော်ဖြစ်နေသလား

ပင်ပန်းနေတာကြောင့် အိပ်မပျော်ရင် ကစွန်းဥကိုပြုတ်ပြီး ငရုတ်ကောင်း၊ ဆားအနည်းငယ်နဲ့ တို့စားပေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Most Popular

Healthy Life Ad
To Top