ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီနေ့လူနာတွေကို လှည့်လည်ကြည့်ရှူရာ အိပ်ရာထဲလဲနေတာ သုံးလလောက်ကြာနေပြီဖြစ်တဲ့ လူနာ ဒေါ်ရှုကြည်ကို တွေ့ခဲ့ရပါတယ်။ ဒေါ်ရှုကြည်ဟာ လေဖြတ်ထားတာသုံးလကြာပါပြီ။ ပြန်ပြီး သတိရပေမယ့် ကိုယ့်ဘာသာကိုယ် မထနိုင်၊ မစားနိုင်သေးပါဘူး။ အစာမျိုတဲ့အခါ မကြာခဏသီးတတ်လို့ နှာခေါင်းကနေ အစာပိုက်နဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ကင်ဆာဘက်က ရှာဖွေလို့ရသေးတာကတော့ အဆုတ်လေပြွန်ထဲ မှန်ပြောင်းကြည့်တာ (Bronchoscopy)ပဲ ဖြစ်ပါတယ်။ ဒီလို ကြည့်လိုက်ရင် ကင်ဆာကို တန်းတွေ့ရတာများပါတယ်။ ဒါပေမဲ့ လေပြွန်ကြီးတွေမှာမဟုတ်ဘဲ အဆုတ်လေပြွန်သေးတွေမှာ ဖြစ်ရင်တော့ မှန်ပြောင်းနဲ့ မမြင်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ မှန်ပြောင်းကတစ်ဆင့်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ကင်ဆာဆိုတာ အစောဆုံးမပြန့်နှံ့ခင်သိပြီး ဖယ်ရှားပစ်မယ်၊ ကုသမှုခံယူခွင့်ရမယ်ဆိုရင် သက်တမ်းအများကြီး ပိုရှည်သွားနိုင်ပါတယ်။ တချို့သူတွေလုံးဝပျောက်ကင်းမှုကိုရရှိကြပါတယ်။ ဒါကြောင့် တီဘီဆေးပေးပြီး နှောင့်နှေးစေဖို့ မသင့်ပါဘူး။ ဆန့်ကျင်ဘက်ဖြစ်စဉ်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကင်ဆာတွေကပဲများပြီး တီဘီရောဂါက ရှားပါးတဲ့အတွက် တီဘီကို အဆုတ်ကင်ဆာထင်ပြီးလည်း...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီနေ့ဆေးရုံကို တီဘီရောဂါဖြစ်တဲ့ လူနာအသစ်တစ်ယောက်ရောက်လာလို့ ကြည့်ပေးဖို့ပြောလာတာနဲ့ ဦးတင်မြင့်ဆိုတဲ့လူနာနဲ့ စတွေ့ခဲ့ရပါတယ်။ အသက် ၅၉နှစ်လောက်ရှိပြီး ခပ်ပိန်ပိန်ရှိတဲ့ ဦးတင်မြင့်ကသတိရပေမယ့် မှိန်းနေတာတွေ့ရပါတယ်။ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရပါတယ်။ သူ့အနားမှာဝန်းရံလျက် ပါလာတာကတော့ သူ့ညီဖြစ်သူနဲ့ သူ့အမျိုးသမီးတွေပဲ ဖြစ်ကြပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) – ယခင်တစ်ပတ်မှအဆက် တယ်ရီရဲ့အဖြစ်ကတော့ ဒီလိုပါ။ ၁၉၉၀ ခုနှစ်မှာ နှလုံးရုတ်တရက် ရပ်ဆိုင်းသွား(Cardiac Arrest)ပြီး အရေးပေါ်ကုသမှုကြောင့် အသက်ပြန်ရှင်လာပေမယ့် ဦးနှောက်ပျက်စီး (Brain Damage)သွားလို့ အကြာကြီး သတိလစ်သွားခဲ့ပါတယ်။ ၁၉၉၈ ကစပြီး...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) – ယခင်တစ်ပတ်မှအဆက် ဦးယုစွန်နဲ့ ပတ်သက်လို့ ကျွန်မ တွေးမိတာလေးတွေကို မိသားစုဘက်၊ ဦးယုစွန်ဘက်နဲ့ ကျွန်မဘက် . . စတဲ့ ရှုထောင့်သုံးနေရာကနေ တွေးကြည့်မိတာလေးတွေကို တင်ပြလိုက်ပါတယ်။ မိသားစုဘက်က အမြင် ဦးယုစွန်ကတော့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီနေ့အရေးပေါ်ဌာနမှာ လူနာတစ်ဦးကို အရေးတကြီးလာကြည့်လိုက်ရပါတယ်။ အသက်၈၅နှစ်ရှိပြီဖြစ်တဲ့ ဦးကောင်းဆိုတဲ့ အဘိုးတစ်ယောက် အလွန်မောပြီးရောက်လာလို့ပါ။သတိက အလွန်မကောင်းလှဘဲ အသက်ရှူတာ အရမ်းမြန်နေပါတယ်။ ချောင်းမဆိုးဘူး၊ အသက်ရှူနေတုန်းမှာလည်း အသံစုံမြည်နေတယ်။ ခရူး၊ ခရူးအသံကော ရွှီရွှီအသံကော စုံနေပါတယ်။ အိမ်မှာမဖျားဘူးဆိုပေမယ့် ကိုယ်နည်းနည်းပူနေတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) “Vegetative State (VS)” ဖြစ်နေတယ်ဆိုတာက ဘာကိုခေါ်တာလဲ ရုပ်တရားဖြစ်တဲ့ ခန္ဓာကိုယ်က ရှင်သန်နေပေမယ့်လည်း အသိတရားမရှိတဲ့ဘဝမျိုး (Intellectual Activity) ကိုဆိုလိုပါတယ်။ အပင်တွေလို ကြီးထွားရှင်သန်နေပေမယ့် ခံစားချက်၊ စဉ်းစားတာလည်းမရှိ၊ တုံ့ပြန်မှုလည်း မရှိသလိုပါပဲ။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီနေ့ လူနာတွေကို Ward Round လှည့်ပတ်ကြည့်စဉ် ဆေးရုံတက်တာ ခြောက်လခန့်ကြာနေပြီဖြစ်တဲ့ လူနာဦးယုစွန်ကို ကြည့်မိရင်း အတွေးပေါင်းစုံတွေးမိ၊ ခံစားမိတာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ဘာကြောင့် ဘယ်လိုအတွေးတွေ တွေးမိလာရသလဲဆိုတာကို မပြောခင် ဦးယုစွန်ရဲ့အကြောင်းလေးတွေကို ဦးစွာမိတ်ဆက်ပေးပါရစေ။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) -ယခင်တစ်ပတ်မှအဆက် ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်ပွားလာတဲ့ နောက်ဆက်တွဲရောဂါမျိုးစုံကြောင့် ဗျာများနေကြရတဲ့ ဦးမြင့်တို့မိသားစုအကြောင်းလေးကို ဝေမျှလိုက်ပါတယ်။ ဦးမြင့်က အသက် ၆၅ နှစ်ရှိပြီး ဆီးချိုဖြစ်တာ ၁၀နှစ်ရှိပါပြီ။ မအူပင်မှာနေတဲ့ ကုန်သည်တစ်ဦးပါ။ ဝင်ငွေအသင့်အတင့်ရှိပြီး အလယ်အလတ်နေထိုင်နိုင်တဲ့ အဆင့်ရှိသူ တစ်ဦးပါ။...