Healthy Life Ad
Health Tips

သစ်သီးဖျော်ရည်များ၏ အသားအရေနှင့် ကျန်းမာရေးအတွက် အကျိုးရှိပုံ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နေ့စဉ်နေ့တိုင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိတာက အသားအရေနဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဝက်ခြံအဖုအပိမ့်တွေ ကင်းစင်စေပြီး အသားအရေ ကြည်လင်ချောမွေ့စေဖို့ သစ်သီးဖျော်ရည်တချို့က ထိရောက်ပါတယ်။

(၁) အစိမ်းရောင်ဖျော်ရည်က ရောင်ရမ်းမှု လျော့ကျစေပါတယ်
ခန္ဓာကိုယ်ရဲ့အက်စစ်နဲ့ စံက ဟန်ချက်ညီမျှနေရင် လုပ်ငန်းဆောင်တာကို အကောင်းဆုံး ဖြစ်စေပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်က အက်စစ်ဘက်ပိုများနေရင် အသားအရေမှာ အပြစ်အနာအဆာအနေနဲ့ သိသာနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေများများထည့်စားရင် ခန္ဓာကိုယ်က စံဘက် ပိုရောက်စေပါတယ်။ ဟင်းသီးဟင်းရွက်ဖျော်ရည်ထဲ ချင်း(ဂျင်း)ကို နည်း နည်းထည့်သောက်ပေးရင် ရောင်ရမ်းမှု လျော့ကျပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

(၂) သစ်သီးသစ်ရွက်ဖျော်ရည်က ဟော်မုန်း အဆင့်ကို ဟန်ချက်ညီစေပါတယ်
သစ်သီးသစ်ရွက်ဖျော်ရည်က ဟော်မုန်း အဆင့်ကိုဟန်ချက်ညီစေပါတယ်။ ဟော်မုန်း အဆင့်ဆိုတာဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်အဆင့်နဲ့ အစာကြေညက်မှုအပေါ်သိသာတဲ့ သက်ရောက်မှုရှိပါတယ်။ သစ်သီးဝလံဖျော်ရည်သောက်ရင် အသားအရေလှပပြီး ဝက်ခြံအဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။

(၃) အစာခြေအင်ဇိုင်းကို ကူညီအားပေးပါတယ်
ဝက်ခြံအဖုအပိမ့်ရှိသူ တချို့လူတွေမှာ အစာကြေညက်ခြင်းဆိုင်ရာ ပြဿနာတချို့ ရှိတတ်ပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်များတဲ့ အခါ ဒါမှမဟုတ် အိမ်သာမကြာခဏ သွားတဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရဓာတ်တွေ ကို ကောင်းကောင်း မစုပ်ယူနိုင်တော့ပါဘူး။ ဒီအခြေအနေမှာ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေ ကို သောက်ပေးရင် အစာခြေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။

(၄) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်
သွေးတွင်းသကြားဓာတ်အဆင့်က ဝက်ခြံနဲ့ အကြီးအကျယ် ဆက်နွှယ်မှုရှိပါတယ်။ နံနက်ခင်းမှာ သကြားဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဖျော်ရည်ကို များများမှီဝဲပေးရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန် ဖြစ်စေပါတယ်။

(၅) ရေဓာတ်ပြည့်ဝစေပါတယ်
ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ပြီး အရေပြားယားယံတဲ့အခါ အသားအရေ ပိုထိခိုက်နိုင်ခြေရှိပါတယ်။ အနာကျက်နှုန်းလည်း နှေးစေပါတယ်။ သစ်သီးဝလံဖျော်ရည်ကို များများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top